ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Friday, August 5, 2011

စဉ်းစားရင်း ကျွန်မရဲ့အမေးကိုလိုက်ဖြေပါ....

သူငယ်ချင်းတွေကိုနည်းနည်းလောက်လေး အကူအညိတောင်းချင်လို့..ဖတ်မိသူတိုင်း ၀ိုင်းစဉ်းစားပြီး မန့်ပေးကြပါနော် ...

အဖြစ်အပျက်တခုကို ကိုယ်သာ သူ ဆိုရင်ဆိုပြီး ပေါ့လေ .စဉ်းစားပေးကြပါ

လူတယောက်မှာ သူမျှော်လင့်ပြီးချစ်နေသူ တစ်ယောက်ရှိတယ် .. သူချစ်နေသူက သူ့ထက် အစစ အရာရာ သာလွန်တယ်.. ငွေ ဂုဏ် အသိုင်းအ၀ိုင်းအကုန်ပေါ့.. သူ့ ချစ်သူက သူ့ကို တခါတလေ အလေးပေးလို့ အခါတလေ ခေါက်ထားတတ်တယ်.. သူဟာ သူ့ချစ်သူအတွက် အရေး ကြိးတဲ့ သူ တယောက် မဟုတ်ဖူးပေါ့...
ဒီလိုအချိန်မှာ သူ့ကို ချစ်တဲ့ သူကို သူတွေ့လာတယ် ..သူ့ကိုချစ်တဲ့ သူက သူ့ထက် အစစအရာရာ နိမ့်တယ်.. ဒါပေမဲ့..သူလိုတိုင်း အနားမှာ၇ှိနေပေးသူ ..သူ့ အတွက် အလိုကျ နေပေးသူပေါ့.. ဒီအခါ သူ့အတွက် သူ့ ကို ချစ်တဲ့ သူကို မြင်တိုင်း သူ့ကိုသူ မြင် ရသလိုကို ခံစားရတယ်.. ဒါနဲ့ သူ့ကိုချစ်တဲ့ သူ ကို သူရွေးလိုက်တယ် ..
အချိန် ကြာလာတဲ့ အခါမှာ.. သူ့ ကို ချစ်တဲ့ သူနဲ့ သူအကြားနည်းနည်း ပြသနာလေးတွေရှိလို့ အေးစက်စက်ဖြစ်လာတယ်
ဒီ အချိန်မှာ အရင်က သူ ချစ်ရတဲ့ သူက သူ့ကို သူဟာ သူချစ်ရတဲ့ သူအတွက် အရေးပါသော သူ တယောက်ဖြစ်တယ် .မရှိမဖြစ် ဖြစ်တယ် ဆိုတာမျိုး ဖြစ်လာကော...
ကဲ ဒီ အခြေ အနေမှာ သူဘာလုပ်သင့်သလဲ
.......................................................

မန့်ပေးကြတဲ့ အားလုံးသော သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်ဗျာ...

. ခုလို ၀င်ဖြေ ပေးကြတာကို ကျေးဇူးတင်ပါတယ်.
ဒိမေးခွန်းက လူတယောက်ရဲ့ အချစ်ပြသနာအစစ် မဟုတ်ပါဘူး.. ဒီအခြေအနေပေါ် ကိုယ် ရွေးတာကို အခြေခံပြီး ကိုယ်က ဘာလုပ်ငန်းအတွက် ဘယ်လိုလူဆိုတာကို
ဆက်စပ်စဉ်းစားတာပါ..

ဒါပေမဲ့ ဒီ test က ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေ CEO အဆင့်တွေ အတွက် ဆိုရင်တော့ အသုံးဝင်မှာ မဟုတ်ပါဘူး
အလယ် အလတ် အုပ်ချုပ်သူတွေအတွက်တော့ အသုံးဝင်မှာပါ.. ကဲ ..အဖြေ အချိန်ရောက်ပါပြိ.

ကိုယ့် က ချစ်ရသူကို ရွေးသူတွေကတော့.... လုပ်ငန်းမှာ ရှေ့တက်လမ်း အများကြီးရှိတဲ့ တကယ့် Manager ကောင်းတွေပါ.. ဘယ် အချိန်မှာ ဘာကို လုပ်ရမယ်ဆိုတာသိသူတွေပါ
တခါတလေမှာ ဘ၀အတွက် မလိုအပ်တဲ့ ခံစားချက်တွေ ငဲ့ ညှာမှုတွေကို ဖြတ်ထုတ်ပစ်ရမယ် ဆိုတာကို နားလည်သူတွေပါ.. လုပ်ငန်းရဲ့ တိုးတက်မှု ကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နိုင်သူတွေပါ..
အပြိုင် အဆိုင် အတိုက် အခိုက်များတဲ့ လုပ်ငန်းတွေ အတွက် တကယ်ကိုသင့်လျော်ပါတယ်..ပြိုင်တိုင်းနိုင်အောင် တိုက်နိုင်သူတွေပါ..


ကိုယ့်ကိုချစ်တဲ့သူကိုရွေးသူတွေကတော့ leader ကောင်းတွေပါ..လူချစ်လူခင် များတဲ့ အထူးသဖြင့် လက်အောက် ငယ်သားတွေချစ်ခင်လေးစားခံရသူတွေပါ..
သူတို့တွေက လူအများရဲ့ စိတ်ကို ပေးဆပ်မှုကိုအလေးထားတဲ့ သူတွေဖြစ်လို့ motivator coordinator ဆိုတဲ့ အလုပ် မျိုးနဲ့ ပိုကိုက်ပါတယ် .

ဒိနေ၇ာမှာ Manager နဲ့ leader ကွာတာလေး ပြောချင်ပါတယ်
Management is about process.Leadership is about people.Not all Managers have learnt to lead and therefore they will not suceed at some very key areas of working with people.
လို့ မှတ်ဖူးပါတယ်..

ဒီလိုတွေရေးလိုက်လို့ အင်းး ဒိတယောက် ဘာတွေပြောနေတာလဲ သူမေးတော့ အချစ် ..စပြောတော့ management ဘာတွေလဲလို့ တွေးကြမယ်ဆိုတာ သိပါတယ်
စဆုံးဖတ်ပြီးရင် ရှင်းသွားမှာပါ..သည်းခံပြီး ဆုံးသည်အထိလေး ဖတ်ပေးကြပါ

လုပ်ငန်းတခုမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ သူတွေမှာ စလုပ်တဲ့ အောင်ခြေ အဆင့် ဘာမှသိပ်ပြောစရာမ၇ှိပါဘူး ..သူများခိုင်းတာ လုပ်ရတာကို
Management theory တွေမှာတော့ အရှင်းဆုံး Lower level manager လို့ သုံးတတ်ကြပါတယ်.. အောက်ဆုံးရဲ့ အထက်ဆင့်ကနေsupervisor အထိ ပါပါတယ် .
သူတို့ အတွက် က ဆုံးဖြတ်စရာလဲမများပါဘူး အထက်က ဒါလုပ်ဆိုလုပ် ဒိစည်းကမ်းလိုက်နာဆိုလိုက်နာရတာကို


အထက်ဆုံးအဆင့်ပြသနာမ၇ှိပါဘူး... သူက ခိုင်းရတဲ့သူကို
management term အရတော့ top level manager တွေပေါ့ ..သူတို့အတွက်ကတော့ လုပ်ငန်းဆိုတာ သူတို့ ထုဆစ်တဲ့ ပန်းပုတခု မို့
သူတို့လိုသလိုပုံဖော်နိုင်ပါတယ်.. လုပ်ငန်းဆိုတာ သူတို့အတွက် သွန်လိုသွန် မှောက် လိုမှောက်ပေါ့

အဲပြသနာက အလယ် အလတ် အဆင့်ပေါ့
Duputy Manager ကနေ စလို့ အထက်ဆုံးရဲ့ အောက် တဆင့်နိမ့်အထိပါပါတယ်
Middle Level Manager တွေပါ .ဒီ အဆင့်တွေဟာ တကယ့်ကို ရွေးချယ်စရာများသလို ဆုံးဖြတ်ရခက်တာတွေကိုရင်ဆိုင်နေရသူတွေပါ..
ကျွန်တော်တို့ အားလုံးကိုယ်ပိုင် လုပ်ငန်းလုပ်သူကလွဲရင် ဒီ အလယ်အလတ် အုပ်ချုပ်သူ အဆင့်တွေမှာ ရှိနေကြသူများပါတယ်

ကျွန်တော်မေးထားတာမှာပါပါတယ် .. သူ ချစ်ရသူဆိုတာ ကိုယ့် အထက် က အရာရှိ အကြိးအကဲကို ရည်ညွန်းပါတယ်.. ဘယ် သူကများ ကိုယ့်အရာရှိမျက်နှာသာပေးမခံချင်
ချီးကျူးမခံချင်တာ ရှိပါသလဲ.. ကိုယ်က မျက်နှာ လိုချင်လို့ ဘယ်လောက် ပဲ ကြိုးစားကြိုးစား ကိုယ်ကြိုးစာသလောက် အသိအမှတ်ပြုခံရသူနည်းပါတယ်

နောက် ကိုယ်ကို့ ချစ်ရသူ.. ဒါကတော့ ကိုယ့်လက်အောက်က လုပ်ဖော်ကိုင်ဖက်တွေကို ..ကိုယ်စားပြုပါတယ်.. ကိုယ်က သူတို့အထက်ကဖြစ်နေတယ် ..အကြိးအကဲဖြစ်နေတယ်
ဒါကြောင့် ကိုယ်လိုတာမှန်သမျှ သူတို့က လုပ်ပေးတတ်ကြပါတယ် ..
အဲ့လို အထက်နဲ့အောက် အကုန် အဆင်ပြေနေချိန် ဆိုရင် ဒိလိုရွေးချယ်စရာက ဖြစ်လာမှာမဟုတ်ပါဘူး

ဒိမှာ ပြသနာတွေစလာပါပြီ... လစာကိစ္စ.. အလုပ်ချိန် ကိစ္စ overtime ကိစ္စ စတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အထက်နဲ့အောက် ကပြသနာဖြစ်ပြီ.. ကိုယ်က အလယ်ဆင့် (၂)ဖက်ညှပ်ပါပြီ.

ခု ကျွန်တော်တင်ပြထားတဲ့ အခြေ အနေလို အောက်နဲ့ကလဲ အလုပ်ကိတ်စတွေအဆီအငေါ်မတည့်တာနဲ့ သူတို့ တောင်းဆိုတာတွေကို ကိုယ်က အထက်နဲ့ ကိုယ်နိုင်သလာက် ညှိပေးနေတယ်..ဒါကို သူတို့က သူတို့လိုချင်တာသာ သိပြီး ကိုယ့် အခက် အခဲကို မငဲ့ လို့ မသင့်မတင့် ဖြစ်နေချိန်.. (ဘယ်လို ရှင်းရှင်း ကြားအတိုက်နဲ့ ရှင်းမရချိန်)
အထက်ကလဲ ကိုယ့်ကို ဦးစားပေးပြီး ကိုယ့်ကို အောက် လက်ငယ်သားနဲ့ ခွဲထုတ်ပြီ .. မက်လုံးတွေ ..အခွင့်အရေးတွေပေးပြီ... ကိုယ် မပါ၇င် ကိုယ့်တက်လမ်းပါ ပိတ်သွားနိုင်ပြီ
ဒီ အခြေအနေ ကိုယ် ဘယ်လို ရင်ဆိုင်မလဲ.. ကိုယ်ဘာကိုရွေးမလဲ
အလုပ် ထဲရာက်နေသူတော်တော်များများ ဒီလိုအခြေအနေကို ကြုံဖူးပါတယ် ... အနည်းနဲ့အများပေါ့ နော် ...
ဒိလိုရွေးအခြေအနေက ကျွန်တော်ပြောထားတဲ့ ချစ်သူ(၂)ယောက်ကြားရွေးရတာထက်ခက် မှာပါ.. (၂)ဖက်လုံးနဲ့ တည့်အောင် ဘယ်လိုညှိမလဲ..

ဖြစ်တတ်လာတာ.. ဖြစ်နေကျကတော့ ... အောက်လက် ငယ်သားအတွက် နားလည်အောင် ရှင်းလို့ သူ့ဘက်ပါတဲ့ အခါ ..အလုပ်သမားတော်လှန်ရေးနဲ့ သပိတ်တွေ ပေါ်လာပါတယ်
(ဒါတောင် .. ကိုယ်လို အောက်ကိုကြည့်တဲ့ အလယ်အလတ်အုပ်ချုပ်သူတွေများမှ..မဟုတ်ရင် ကိုယ်သာလွင့်လို့ သွားမှာ)

အထက်ဖက်ပါတော့ ..စားဖားကြီးလို့ အပြောခံရပါပြီ...




ကဲ ဒီ အခြေ အနေကို ဘယ်လိုတွေထိန်းကြမလဲ......လာပါပြီ management skill တွေ

Management skills ထဲကမှ တခုဖြစ်တဲ့ Communication and negotiation skills လာပါပြီ..


စောနက ကျွန်တော့် ဥပမာထဲက လူ.. ဘယ်သူကိုရွေးလို့ ဘယ်လိုလုပ်သင့်လဲ.. ဆိုတာ သူရဲ့ နေရာကနေ ဆက် တွေးပေးပါ

Management ဆိုတာနဲ့ စိတ်မ၀င်စားတော့ဘူးဆိုပြီးလက်မရှောင်ကြနဲ့နော် ..
Management ဆိုတာ ကြီးကြီးကျယ်ကျယ် လူတွေပြောနေကြတာပါ.. မိန်းကတွေက ယောင်္ကျားတွေထက် ဒီနေရာမှာတော်ပါတယ်
ကမ္ဘာဦး ထဲက မိန်းမသားတွေက အလယ် အလတ် မန်နေဂျာ အဖြစ်ကို သဘာဝရဲ့ အပ်နှင်းမှုနဲ့ အလိုအလျှောက်ရပြီးသားပါ.
မိသားစုတခုမှာ အဖေနဲ့ သားကမတည့်ဘူး ..ဒိ အခါ ကြားကအမေက ဘယ်ဘက်ကပါ၇မလဲ .. ဘယ်လိုညှိမလဲ ..
အမေတွေဟာ မိသားစုမှာ middle level manager တွေပါ..

အနည်းဆုံးတော့ ကိုယ့်မိသားစု ကိုယ် အုပ် ချုပ်တာမှာ ဒီ အရည်အချင်းတွေလိုမှာပါ....
ဒါကြောင့် နောက်တခါကျရင် Management skills တွေအကြောင်းပြော၇အောင်ဗျာ

တောင်းပန်ခြင်း။ ။ management ဆို၇င် ဘယ်သူကမှ ဆက်မပြောချင်.မဆွေးနွေးချင်မှန်းသိလို့ ပြသနာလေး တခုလောက် ဖန်တီးလိုက်တာပါ.. စိတ်ပူပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးပါ..



ကျွန်တော့်ရဲ့အဖြေ


သူ့နေရာမှာကျွန်တော်ဆိုရင်တော့ ကိုယ့်ကို ချစ်တဲ့ သူ နဲ့ အ၇င် ပြန် ပြေလည်အောင်လုပ်ပါမယ်.သူကကိုယ့်ကိုချစ်တာဆိုတော့ ကိုယ့်ကို နားလည်ပေးတာမြန်မှာပါ.
နောက် ကိုယ်လိုအပ်တိုင်းရှိနေပေးခဲ့သူပါ..သူနဲ့ကိုယ့်ကြား အထင်မှားတာမရှိတော့မှ
ကိုယ်ချစ်ရတဲ့ သူရဲ့ ကိစ္စကို ပြောပြပါမယ်..အထင်မှားတာတွေ မဖြစ်အောင်ပါ..ပြီးမှ ကိုယ်ချစ်ရသူကို ကိုယ့်ကို ချစ်တဲ့သူရဲ့ တန်ဖိုးကို နားလည်အောင် သေချာစွာရှင်းပြပါမယ်..

လုပ်ငန်းမှာဆိုရင်တော့ ..လက်အောက် ငယ်သားကိုအရင်ထိန်းပါမယ် .. သူကော ကိုယ်ရောက ဘ၀တူတွေဆိုတာကို နားလည်အောင် ပေါ့.. သူတို့ ကိုယ့်ကို ယုံကြည်မှ အထက်က တောင်းဆိုလို့ရနိုင်တာတွေကို ရှင်းပြပါမယ်
ပြိးမှ အထက် ကို ကိုယ်အားလုံးရဲ့ သဘောဆန္ဒနဲ့ သူတို့ကပေးနိုင်လောက်တဲ့ ရသင့်ရထိုက်တဲ့ အခွင့် အရေး ကို ဘာကြောင့်ပေးဖို့သင့်ကြောင်းပေးချင်လာအောင်ညှိပါမယ် .

ဝင်းသု

အားလုံးပဲပျော်ရွင်ပါစေဗျာ
စာပေးစကားဝိုင်းမှာတော့ သူငယ်ချင်းတချို့ အတွက် တော်တော်လေးကို အမှတ်ရကြတဲ့ post လေးပါ
ဒိပို့လေးကနေသိလိုက်ရတာကတော့ တခါတလေမှာ ကိုယ်ကမရည်ရွယ်ပါပဲနဲ့ သူတပါးရဲ့ စာနာ စိတ်ကို testing လုပ်လိုက်သလိုဖြစ်သွားလို့ နောက် တခါဘယ်တော့မှ ဒိလိုမျိုး ခံစားချက်နဲ့ ဆိုင်တဲ့ ဥာဏ်စမ်းတွေမလုပ်ဖြစ်တော့ပါဘူး

No comments:

Post a Comment