ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Thursday, May 19, 2011

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှ သိသင့်သော မိသားစုဥပဒေများ

L@w & Custom in Myanmar

Home
Posts RSS
Comments
Edit

0
မိန်းကလေး(၈)မျိုး
Posted by an@w on 2:16 AM in မိန်းကလေး(၈)မျိုး
“မနုကျယ် ဓမ္မသတ်“ မိန်းကလေး(၈)မျိုး ဖော်ပြထားပါသည်။
(၁) အမိစောင့်သော မိန်းကလေး
(၂) အဘစောင့်သော မိန်းကလေး
(၃) အမိအဘစောင့်သော မိန်းကလေး
(၄) မောင်စောင့်သော မိန်းကလေး
(၅) အမစောင့်သော မိန်းကလေး
(၆) အမျိုးစောင့်သော မိန်းကလေး
(၇) အနွယ်စောင့်သော မိန်းကလေး
(၈) သီတင်းသုံးဖော်စောင့်သော မိန်းကလေး တို့ဖြစ်သည်။

Links to this post
0
ဖြားယောင်းသွေးဆောင်ခြင်း
Posted by an@w on 2:13 AM in ဖြားယောင်းသွေးဆောင်ခြင်း
ဖြားယောင်းသွေးဆောင်ခြင်း
ယောက်ျားတဦးက မိန်းမတဦးအား ထိမ်းမြားမည်ဟု အယုံသွင်းလျက် ကာမကိုရယူပြီး နောက်ထိမ်းမြားရန် ငြင်းဆန်ခြင်းသည် ” ပဋိညာဉ်အက်ဥပဒေအရ” ကတိပျက်ကွက်ခြင်း မမြောက်နိုင်သော်လည်း ”ပြစ်မှုဆိုင်ရာဥပဒေအရ” လိမ်လည်ခြင်းမြောက်နိုင်ပါသည်။
”ပြစ်မှုဆိုင်ရာ ဥပဒေ” ပုဒ်မ ၄၁၇ အရ တနှစ်ထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ကျရောက်နိုင်ကြောင်း နှမချင်းမစာနာ ကြောရုံသာ ကြံလိုသည့် ယောက်ျား များသိနားလည်ထားသင့်ပါသည်။

Links to this post
0
(၃) သွေးသားတော်စပ်မှု
Posted by an@w on 1:58 AM in သွေးသားတော်စပ်မှု
မြန်မာဓလေ့ထုံးတမ်းဥပဒေ အရတရားဝင် အတည်ဖြစ်သည့် ထိမ်းမြားမှု မြောက်စေရန် မှာ
ထိမ်းမြားသူနှစ်ဦးသည် လူ့အသိုင်းအ၀ိုင်းက လက်မခံနိုင်သော သွေးသားတော်စပ်မှုကိုရှောင်ရပါမည်။

Links to this post
0
တည်ဆဲ မြန်မာဓလေ့ ထုံးတမ်းများ
Posted by an@w on 12:57 AM in တည်ဆဲ မြန်မာဓလေ့ ထုံးတမ်းများ
(၃)တည်ဆဲ မြန်မာဓလေ့ ထုံးတမ်းများ
ဓမ္မသတ်ကို စီရင်ထုံးကလွှမ်းမိုးပြီး ၊စီရင်ထုံးကို တည်ဆဲ ဓလေ့ထုံးတမ်းကလွှမ်းမိုးပါသည်။တည်ဆဲဓလေ့ထုံးတမ်းကို ဆန့်ကျင်လာပါက တည်ဆဲ ဓလေ့ထုံးတမ်းကို စီရင်ထုံးဖွဲ့ရပါသည်။

Links to this post
0
ဘာသာတူ လူမျိုးခြားများနှင့် ထိမ်းမြားခြင်း
Posted by an@w on 2:09 AM in ဘာသာတူ လူမျိုးခြားများနှင့် ထိမ်းမြားခြင်း
မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများသည် ဘာသာခြားနှင့်ထိမ်းမြားမှသာ နစ်နာခံခဲ့ရသည် မဟုတ်ပါ၊ ဘာသာတူလူမျိုးခြားနှင့် ထိမ်းမြားပါကလည်းနစ်နာခံခဲ့ရပါသည်။မြန်မာနှင့် တရုတ်တို့သည် အများအားဖြင့် ဗုဒ္ဓဘာသာများဖြစ်ပါသည်။သို့သော်လူမျိုးကခြားပါသည်။ဘာသာတူသဖြင့် ဘာသာကိုအကြောင်းပြပြီး ပြသနာမပွားနိုင်ရာ လူမျိုးကိုအကြောင်းပြပြီးပြသနာများစွာရှိပါသည်။
မြန်မာနိုင်ငံတွင်နေထိုင်သည့် ဗုဒ္ဓဘာသာဖြစ်လျှင် မည်သည့်လူမျိုးဖြစ်စေ ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းနှစ်ရပ်လုံးနှင့်စပ်လျဉ်းက အခြေခံအားဖြင့် ”မြန်မာဓလေ့ထုံးတမ်း ဥပဒေ”နှင့် သက်ဆိုင်ပါသည်။ မသက်ဆိုင်လိုသူများသည် အောက်ပါ(၃)ချက်ကိုထင်ရှားအောင်ပြသရန် လိုပါသည်။
(၁) သူနှင့်ဆိုင်သော ဓလေ့ထုံးတမ်းသည် မြန်မာနိုင်ငံတွင် တရားဥပဒေကဲ့သို့ အတည်ဖြစ်နေသည်။
(၂)ထိုဓလေ့ထုံးတမ်းသည် မြန်မာဓလေ့ထုံးတမ်းနှင့် ဆန့်ကျင်သည်။
(၃) ထိုဓလေ့ထုံးတမ်းသည် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများအား ထိခိုက်နစ်နာမှုမရှိစေရ -တို့ဖြစ်သည်။

Links to this post
0
ဘာသာခြားနှင့်ထိမ်းမြားခြင်း
Posted by an@w on 2:07 AM in ဘာသာခြားနှင့်ထိမ်းမြားခြင်း
ဗုဒ္ဓဘာသာ-များအတွက်ထိမ်းမြားခြင်းသည် ဘာသာရေး ကင်းလွတ်သည့် လူမှုရေးကိစ္စသာဖြစ်ပါသည်။ဗုဒ္ဓဘာသာနှင့် ထိမ်းမြားလိုသည့် ဘာသာခြားသည်သူ၏ ကိုးကွယ်ရင်းဘာသာကိုစွန့်ပယ်ပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန်မလိုပါ။ထိမ်းမြားပြီးနောက် အခြားဘာသာသို့ ကူးပြောင်းလည်းထိမ်းမြားခြင်း မပျက်ပြယ်ပါ၊ လွန်စွာလွတ်လပ်၍ လွယ်ကူလှပါသည်။
ခရစ်ယာန်၊ မဟာမေဒင်နှင့် ဟိန္ဒူ စသည့်ဘာသာများမှာ ဗုဒ္ဓဘာသာများ ကဲ့သို့ လူမှုရေး စည်းကမ်းသက်သက်မဟုတ်ပါ။ ဘာသာရေးအတားအဆီးများရှိပါ သည်။
မဟာမေဒင်များသည် မဟာမေဒင်ဘာသာဝင်အချင်းချင်း တရားဝင်ထိမ်းမြားနိုင်ပါသည်။ဘာသာခြားနှင့်တရားဝင်ထိမ်းမြားခွင့် လုံးဝမရှိပါ။ဘာသာခြားသည် မဟာမေဒင်နှင့် ထိမ်းမြားလိုလျှင် မဟာမေဒင်ဘာသာကို ပထမကူးပြောင်းရပါသည်။ပြီးမှ တရားဝင်ထိမ်းမြားလက်ထက်ခွင့်ရပါသည်။နှစ်ဦးနှစ်ဖက် မဟာမေဒင်ဖြစ်သဖြင့် တရားဝင်ထိမ်းမြားပြီးလည်း တဦးက မဟာမေဒင်ဘာသာကိုစွန့်ပယ်၍ အခြားဘာသာသို့ ကူးပြောင်းလျှင် ယင်း ထိမ်းမြားခြင်းသည် အလိုအလျောက်ပျက်ပြယ်ပါသည်။
ဟိန္ဒူများအဖို့မူ မဟာမေဒင်များထက်ပင် ထိမ်းမြားခြင်းတွင် ကျပ်တည်းပါသည်။ဘာသာခြားနှင့်မဆိုထားဘိ၊ ဟိန္ဒူလူမျိုး အချင်းချင်းပင် ဇာတ်မတူက တရားဝင် ထိမ်းမြား၍မရပါ။ ထို့ကြောင့်ဘာသာခြား လူမျိုးခြားတဦးသည် ဟိန္ဒူနှင့် မည်သည့်နည်းနှင့်မျှ တရားဝင်ထိမ်းမြားခွင့်မရပါ။
ခရစ်ယာန်များသည် မဟာမေဒင်နှင့် ဟိန္ဒူတို့လောက်မကျပ်တည်းပါ သို့သော် ဥပဒေအရ မလွဲမသွေပြုလုပ်ရသည့် သတ်မှတ်ချက်များရှိပါသည်။ ပုံစံမှာထိမ်းများခြင်းကို ခရစ်ယာန် တရားဟောဆရာရှေ့တွင် ဖြစ်စေ၊ ထိမ်းမြားမှုဆိုင်ရာ မှတ်ပုံတင် အရာရှိရှေ့တွင်ဖြစ်စေ သက်သေများနှင့် လက်မှတ်ရေးထိုး၍ ဆောင်ရွက်ရပါသည်။

Links to this post
0
(၇) စပ်ယှက်မှု
Posted by an@w on 8:07 AM in စပ်ယှက်မှု
ယောက်ျားလေးနှင့် မိန်းကလေး တို့အလိုတူမှားမိကြလျှင် သူတို့ကို ထိမ်းမြားပေးရန် ယောက်ျားလေး၏မိဘတွင် ငြင်းပိုင်ခွင့်မရှိပါ။ မိန်းကလေးအိမ် လာနေသည့်ယောက်ျားလေးနှင့် မိန်းကလေးသည် မိန်းကလေး၏ မိဘသိလျက် အလိုတူမှားနေလျှင် ယင်းမိန်းကလေးနှင့် ယောက်ျားလေးကို မိန်းကလေးရှင်မိဘများက ထိမ်းမြားပေးရပါမည်။
L@w & Custom in Myanmar

0
(၆) ဆန္ဒသဘောထား
Posted by an@w on 2:06 AM in ဆန္ဒသဘောထား
မြန်မာဓလေ့ထုံးတမ်းဥပဒေ အရတရားဝင် အတည်ဖြစ်သည့် ထိမ်းမြားမှု မြောက်စေရန် မှာ
ထိမ်းမြားမည့်ယောက်ျားလေးနှင့် မိန်းကလေးတို့၏ဆန္ဒတူညီမှု ရှိရပါမည်။ သူတို့၏ဆန္ဒသည် ပဋိညာဉ် အက်ဥပဒေ ပုဒ်မ-၁၄ နှင့် အညီ လွတ်လပ်စွာ ပေးအပ်ခြင်း ဖြစ်ရပါမည်။နောင်ကာလတွင် ထိမ်းမြားရန်အတွက် ကတိထားခြင်း မဖြစ်ရပါ။ ထို့ပြင် မိန်းကလေးသည် တခုလပ်၊မုဆိုးမ မဟုတ်ဘဲအသက် (၂၀) မပြည့်သေးသည့် အပျိုစင်ဖြစ်လျှင် သူ၏ ဆန္ဒအပြင် မိဘအုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်လည်းပါရှိရပါမည်။ မိန်းကလေး၏ ဆန္ဒမပါရှိလျှင် ပြစ်မှုဆိုင်ရာအက်ဥပဒေပုဒ်မ ၃၆၆-အရ များယောင်းမှုကျုးလွန်ရာ ရောက်နိုင်ပါသည်။
်from http://www.kyawt-khine.blogspot.com/

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။
( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်

ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပြောတော့ လူကြီးတွေက သူတို့မပါဘူးလို့လည်း ထင်နေကြဦးမယ်။ လူကြီးတွေလည်း အသက်ကြီးနေလို့ သီးသန့်ခေါင်းစဉ် မတပ်လိုပေမယ့် မသိသူတွေ များနေမယ်ဆိုတာတော့ အတော်များများက လက်ခံကြမှာပါ။ ဒီလိုဆိုတော့ ဒီစာစုလေးဟာ လူငယ်တွေအတွက် ဆိုတာထက် ဗုဒ္ဓဘာသာ အမည်ခံထားပြီး ဘာမှမသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်က အဲဒါပါပဲ။ လူကြီးလူငယ် အတော်များများက ကိုယ့်ဘာသာအကြောင်း မေးလာရင် အင်းအဲနဲ့ပဲ တိကျတဲ့အဖြေကို မပေးနိုင်ဘဲ ဖြစ်နေကြတဲ့ အဖြစ်ပါ။



ဟုတ်ပါတယ်။ အင်တာနက်မှာ စာတွေရေးနေ၊ ပြည်ပရောက် မြန်မာလေးတွေအတွက် တရားလေးတွေ ဟောပေးနေတော့ ဒီအားနည်းချက်ကို ဘုန်းဘုန်းတို့က သိနေရပါတယ်။ တစ်ခါတစ်လေလည်း လူငယ်လေးတွေနဲ့ စကားပြောဖြစ်တော့ သူတို့တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မသိတာတွေ အတော်များနေပါလားလို့ သတိပြုမိခဲ့ပါတယ်။ မသိတာတွေများဆို အခြေခံ သိသင့်သိထိုက်တာက အစ မသိတဲ့သူတွေ များများလာနေတဲ့ အဖြစ်ပါ။ ခုချိန်မှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချလို့လည်း မဖြစ်ပါဘူး။ အခြေခံ နည်းစနစ်ကအစ ပုံစံမကျ ဖြစ်ခဲ့ကြတဲ့အတွက် မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတ အားနည်းခဲ့တာလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကို အသားထား။ အခုအချိန်ရှိတုန်း လုပ်သင့်တာက မသိတာကို သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။ လေ့လာဖို့ဆိုတော့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ကို အသုံးချပြီး လေ့လာမယ်ဆိုရင်လည်း မဆိုးလှပါဘူး။ ဘာသာတရားနဲ့ ပတ်သက်ပြီး သိချင်တာမှန်သမျှကို အင်တာနက် စာမျက်နှာတွေမှာ အတော်များများ ရှာဖွေလေ့လာ ဖတ်ရှုနေနိုင်ပြီ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မသိပါဘူးဆိုပြီး ဒီအတိုင်း နေကြတာထက်စာရင် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း သိသင့်သိထိုက်တာလေးတွေတော့ သိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။



သိသင့်သိထိုက်တာဆိုတော့ ဗုဒ္ဓဘာသာကို စတင်တည်ထောင် ဟောကြားပေးခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖြစ်စဉ်အကျဉ်းကစပြီး သိထားဖို့ လိုပါတယ်။ ပြီးတော့မှ ဗုဒ္ဓဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ စတာတွေ အပါအဝင် ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ရတဲ့အကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ကျင့်ကြံလိုက်နာမှု အကြောင်း စသဖြင့် သိရှိထားရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကျဉ်းလောက် သိထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဒီမှာဖော်ပြပေးမယ့် ဗုဒ္ဓရဲ့ မှတ်တမ်းအကျဉ်းလေးကိုပဲ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ တိုက်တွန်းလိုပါတယ်။



ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း

လူအမည် = သိဒ္ဓတ္ထ

ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ

မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)

မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား

နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)

အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး

အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်

ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ

သားတော် = ရာဟုလာ

နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)

တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)

ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)

ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)

တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)

ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)

ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။



ဗုဒ္ဓ

ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ

၁။ သမ္မာသမ္ဗုဒ္ဓ

၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။



သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။



ပစ္စေကဗုဒ္ဓဆိုတာ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။



ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။



ဗုဒ္ဓဘာသာ

ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။



ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။



ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။



ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။



ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။



ဗုဒ္ဓဘာသာဝင်

ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။



ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။



နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။



ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။

၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။

၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။



ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။



ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။



ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။
ဖတ်မိသမျှ မှတ်မိသမျှ

Wednesday, May 18, 2011

လှချင်တဲ့ သမီးကလေးများသို့(အမေ လူထုဒေါ်အမာ)



လှချင်တဲ့ သမီးကလေးများသို့
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာတီဗွီကလာတဲ့ အနောက်က ရုပ်ရှင်ကားတွေကို တစ်ခါတလေ ဝင်ကြည့်မိတယ်။
ကြည်တဲ့အခါ ပစ်ခတ်နေတာတွေကလည်း များမှများ၊ အဲဒီလို ပစ်ခတ်တာတွေမဟုတ်ပြန်တော့လည်း ယောင်္ကျားနဲ့မိန်းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း။တော်ရုံမဟုတ်ဘူး၊ ရေချိုးကန်ထဲမှာလည်း ပါရဲ့၊ အိပ်ရပေါ်မှာလည်းပါရဲ့၊ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွားကြီးတွေအနေနဲ့ ကြည့်ရတာစိတ်ဆင်းရဲစရာကြီးကိုးလူမျိုးစုံ ဝင်ကြထွက်ကြတဲ့စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ ကပွဲခန်းတွေပြပြန်တော့လည်း မိန်းကလေးတွေ ကပြနေကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆိုရုံ၊ အထက်ကလည်း
ရင်သားလေး နှစ်ခုကာရုံ၊ အောက်ကလည်း လက်တစ်ဝါးစာလောက်ကာပြီးတော့လှုပ်ရှားကပြရတာကလည်း ပြောဝံ့စရာမရှိဘူး။ အဲဒီတော့ အမေက သြော်သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား။ သနားပါတယ် သူတို့ဘဝ လို့ အောက်မေ့မိတယ်။ ဒါနဲ့ ရန်ကုန်ကလာတဲ့ မိတ်ဆွေနဲ့ ခုခေတ်မိန်းကလေးတွေ
ဝတ်ကြစားကြတာနဲ့ ပက်သက်လို့ ပြောမိတော့ အဲဒီမိတ်ဆွေက ရန်ကုန်မှာ မိန်းကလေးတစ်ချို့ရဲ့ခါးပေါ်မှာ ထဘီမရှိတော့ဘဲ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ဘောင်းဘီအရှည် ဝတ်တဲ့လူက ဝတ်တယ်၊ စကတ်ဆိုပြီး ၂ ကွဲ ၃ ကွဲ အတိုကွဲအရှည်ကွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။ အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေးမမျိုး
တစ်ယောက်တလေတောင်ပေါ်နေပြီ။ အဲဒီချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထားသတဲ့ လို့ အင်မတန်ဆန်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်။အမေတို့ မြန်မာမိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီလေးတော့
လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေပေမယ့် မိန်းကလေးတွေဒူးပေါ်ပေါင်ပေါ်ဖြစ်အောင် ဝတ်စားနေကြတဲ့ အကွဲတွေအခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တစ်ချို့နဲ့ ဂျာနယ်များကမိန်းကလေးတွေရဲ့ ဝတ်စားဆင်ပြင်ပုံ အသစ်အဆန်းအမျိုးမျိုးကို ဖော်ပြရေးသား အားပေးနေကြတာက အများသားကိုး။
မဂ္ဂဇင်း ဂျာနယ်တွေသာမက ရုပ်မြင်သံကြားတွေမှာကလည်းကြည့်လိုက်ရင် အတုခိုးမှားစရာတွေကိုသာ အားပေးအားမြှောက်ပြုနေတဲ့
ပြကွက်တွေကို မြင်ရတယ်။ လူဆိုတာ မြင်ဖန်များတော့ ငယ်သတဲ့၊နမ်းဖန်များတော့ ပြယ်သတဲ့
အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊ ဖုံးတာက ယဉ်ကျေးတာလားလို့။


အဲဒီတော့ တချို့က အမေရယ် လူဆိုတာ ဒီလိုပါပဲ ကောင်းနိုးရာရာကို လုပ်ကြတာပါ။ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို
လစ်လျူရှုလိုက်ပါတော့လို့။ ဒါလည်း သူတို့အနေနဲ့ ဆိုရင် ဟုတ်တာပေါ့လေ။ သူတို့နဲ့ အမေနဲ့က ခေတ်ချင်းကွာဟမှုက ရှိနေတာကိုး။
အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံးလုံလုံခြုံခြုံ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီဝတ်လို့ မိန်းကလေးတွေကတော့ နည်းပညာမျိုးစုံသုံး လှနိုးရာရာ အဆင်အပြင်အမျိုးမျိုး
စိတ်ကူးရသလောက် ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှပေါ်အောင် ဖော်လှစ်ပြသနေကြရတယ်။


အဲဒါဟာ ကျားမ တန်းတူရှိသေးရဲ့လား။ မိန်းမတွေရဲ့ဘဝ ကျားတွေကို ဆွဲဆောင်နိုင်မှုအတွက် တစ်သက်လုံး ကြိုးပမ်း အားထုတ်နေရတာလား၊ လူ့ဘဝ လူ့တာဝန်တွေကို ထမ်းရွက်ဖို့ မကြိုးစားရတော့ဘူးလားလို့ အောက်မေ့မလာရဘူးလားကွယ်။ မိန်းမတွေရဲ့ အဆုံးစွန်သော အားထုတ်လုပ်ဆောင်ရချက်က ယောကျားတွေအတွက် ဆိုတာပဲလား။ တခြား ဘာမှ
အဖိုးတန်တဲ့အလုပ် မလုပ်နိုင်တော့ဘူးလား၊ အမေရယ် ဒီလိုဆိုရင် တချို့နိုင်ငံတွေက အမျိုးသမီးတွေကို
တစ်ကိုယ်လုံးဘာမှ လူမမြင်ရအောင် အဝတ်ကြီး ခြေဆုံးခေါင်းဖျား ဖုံးနေရတာမျိုးကိုကော အမေ ဘယ်လိုသဘောရပါသလဲလို့ မေးလာရင်….အဲဒါဟာ မိန်းမကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လောက်တန်ဖိုးထားတဲ့သဘော၊ မိန်းမကို လူ့အခွင့်အရေး တစ်မူးသားမှ
မပေးတဲ့လုပ်ရပ်မို့ အမေက သိပ်ရှုတ်ချတာပေါ့။ လင်ယောကျားတစ်ယောက်ကအပိုင်မွေးထားတဲ့ ထမင်းချက် ကလေးထိန်းတဲ့ လင်ယောကျားအလို ဖြည့်ရတဲ့လူသာသာပဲ။ အဲဒီထက် ဘာမှ မပိုပါဘူး။
အမေတို့က မိန်းမဆိုတာ လူ့ဂုဏ်သိက္ခာအပြည့်ရှိတဲ့ လူသား၊ လူ့လောကကို ယောင်္ကျားတွေနဲ့ တန်းတူရည်တူ တည်ဆောက်နေရတဲ့ လူသား၊ လူ့လောက သာယာဝပြောရေးအတွက် အားလုံးနဲ့အတူတူ တာဝန်ရှိတဲ့လူသား ဖြစ်စေချင်တာပါပဲ။
ဘယ်သူက ဘယ်သူ့ထက်မှလည်း မနိမ့်ကျစေချင်ဘူး။ တိရစ္ဆာန်လောကမှာတော့ နိုင်သူက အနိုင်ကျင့်တာလေ။
အားနည်းရင် အရှုံးပေးရတယ်။ အားကြီးရင် အနိုင်ကျင့်တယ်။ တို့က တိရစ္ဆာန်ထက်အများကြီး အဆင့်အတန်းမြင့်တာပဲဟာ။ အဲဒီတော့ တို့အားလုံးအတွက် လူဟာလူနဲ့တူအောင် တန်အောင်ပဲ ဖြစ်ကြစေချင်တယ်။
ကနေ့ အမေတို့နိုင်ငံမှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသဖြင့်လုပ်ရမှာတွေက တောင်လိုပုံပြီး စောင့်နေပါတယ်။ အဲဒီအလုပ်တွေကို လှပပေါ်လွင် ကြွမြောက်နေတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ ကြိုးစားလုံးပန်းနေရတာနဲ့ အချိန်ကုန်
ငွေကုန်ခံနေကြရမှာလား၊ မိန်းကလေးတွေမှာ ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ဖို့ အသင့်ပြင်ထားကြရဦးမှာပါ။ လှအောင်ပအောင်၊ ယောင်္ကျားတွေ မြင်ရင် ကြိုက်ချင် ချစ်ချင်လာအောင် ရှိသမျှဖော်ထုတ်မြှူဆွယ်တယ်ဆိုတာ အလွန်သေးသိမ်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားပါ။ တို့မိန်းမတွေမှာ အင်မတန် ကြီးလေးတဲ့တာဝန်တွေ ထမ်းရွက်ဖို့
အများကြီးရှိပါတယ်။

လှလှ မလှလှ ကျန်းမာဖို့ စိတ်ကောင်းစေတနာရှိဖို့
အသိအမြင် မြင့်မားဖို့ ငါတို့ကြိုးစားနေရမှာပါ။
ဒါကြောင့် သမီးတို့ လှချင်တာဟာ ကောင်းရဲ့လား။
ငါ့သမီးတို့ စဉ်းစားကြပါ။

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား - ဖေမြင့်

လက်(စ)ပေါလ်

(Les Paul)

အမေရိကန် ဂစ်တာသမား။

၁၉၁၆တွင် ၀စ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့၌ ဖွားသည်။

ရေဒီယို၌ ကျေးလက်တေးများ တီးခတ်သီဆိုရင်း စတင်နာမည်ရခဲ့သည်။ ထို့နောက် ဂျပ်ဇ်ဂီတဘက်သို့ ကူးပြောင်းကာ လက်(စ)ပေါလ်သုံးယောက်ဝိုင်းကို ဖွဲ့စည်းသည်။ ၁၉၃၈ မှ ၁၉၄၁ အတွင်း နာမည်ကြီးဖရက်(ဒ)၀ါရင်းအဖွဲ့နှင့် လိုက်ပါ ဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍လူသိများလာသည်။ ၁၉၄၂တွင် ဟောလိဝုဒ်သို့ရောက်သည်။

၁၉၅၀ ကျော်နှစ်များအတွင်း သူအထူးကျော်ကြား အောင်မြင်လာသည်။ အဓိက,က ဇွဲနပဲကြီးကြီးနှင့် ဆောင်ရွက်ခဲ့သည့် သူ၏ စမ်းသပ်တီထွင်မှုများကြောင့်ဖြစ်သည်။ ဂစ်တာဖြင့် မာလတီပယ် ရီကော့ဒင်းများ သူ စတင်ပြုလုပ်သည်။ ဆောလစ် ‘လော့ဂ်’ ဂစ်တာကို တီထွင်သည်။ လျှပ်စစ်ဂစ်တာ ရေပန်းစားအောင် သူကြိုးပမ်းခဲ့သည်။

ဇနီးမေရီဖို့ဒ်နှင့်တွဲဖက်၍ ထင်ရှားသော ဓာတ်ပြား အချပ်ပေါင်းများစွာ သွင်းခဲ့ပြီး ရုပ်မြင်သံကြားတွင်လည်း နှစ်ပေါင်းအတော်ကြာအောင် ပူးတွဲတင်ဆက်ခဲ့သည်။ နောက်ပိုင်းကာလ၌ လျှပ်စစ်ဂစ်တာအား ပို၍ပီပြင်ထက်မြက်သောတူရိယာပစ္စည်း ဖြစ်အောင် မွမ်းမံပြုပြင်သော အလုပ်ကိုပင်နှစ်မြှပ်လုပ်ကိုင်ခဲ့သည်။





‘ကိုယ်တကယ်လုပ်မကြည့်သေးပဲနဲ့ ကျွန်တော်လုပ်မရဘူး လို့ဘယ်တော့မှမပြောနဲ့’

ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်။



‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’

အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လယ်စာ စားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲ နှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော်စိတ်ထဲတွင် ‘ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ’ ဟုတွေးနေမိသည်။





သည်အခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့်ဆီ ရုတ်တရက်ထိုးပေးသည်။ ‘လုပ်ကွာချာတိတ်မှုတ်ကြည့်စမ်း’

‘ကျွန်တော်မမှုတ်တတ်ဘူးခင်ဗျ’ကျွန်တော်ကငြင်းသည်။



လူကြီးက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့မှ ‘ဘယ်ဟုတ်မလဲ ကလေးရ ၊ မှုတ်သာကြည့်စမ်းပါ ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ’ ဟုဆိုသည်။ အဲသည်နောက် သူက ကျွန်တော့်တစ်သက်တာအတွက် တန်ဖိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။ ‘ကိုယ် တကယ်လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့ကွ’ ဟူ၍။



တစ်နေ့မှာ စန္ဒရားဆရာက အမေ့ထံ စာတစ်စောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့်ပတ်သက်၍မညှာမတာရေးထားသည့်စာ။



‘ခင်ဗျားရဲ့သား လက်စတာဟာ ဂီတပညာ ဘယ်တော့မှ သင်လို့တတ်မှာမဟုတ်ဘူး ၊ ကျွန်တော်သူ့ကိုနောက်ထပ်မသင်နိုင်တော့ပါ’တဲ့။



သည်စာ ဖတ်ပြီးနောက် အလုပ်သမားကြီး ပြောခဲ့သောစကားကို ကျွန်တော်ပြေးသတိရသည်။



စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍ မရနိုင်ဆိုတာ သေချာအောင်မှ စမ်းသပ်မကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါ ကြိုးစားမယ်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်။



အဲသည်နှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီးသင်သည်။ ကျွန်တော့်အိမ်နားမှာ ဂစ်တာသမားတစ်ယောက်ရှိရာ အဲသည်လူ တီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းလေးတွေ ဘယ်အနေအထား ထား၍တီးလျှင် ဘယ်အသံထွက်သည်ဆိုတာ မှတ်သားကာ ၄င်းအတိုင်း ထပ်တူလိုက်တီး ကြည့်ခြင်း ဖြစ်သည်။ သင်ယူရသည့်ချိန်တာကရှည်ကြာလှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့တော့ ကိုယ် ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်မည့်တူရိယာပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။



အသက်နှစ်ဆယ် အရွယ်မှာ ကျွန်တော်က ကျွန်တော့်ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်းတစ်ခု ဖွဲ့စည်းသည်။ ပြီး အောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူးယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက်ရောက်တော့ နာမည်ကြီးတီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွက်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းပင် မဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင်အချိန်မပေးနိုင်လောက်အောင်သူတို့အလုပ်များနေကြသည်။



တစ်နေ့ ဘရော့ဒ်ဝေး သဘင်ဂီတ လမ်းမ အဆောက်အဦးကြီးတစ်ခု၏ ကော်ရစ်ဒါမှာ ကျွန်တော်တို့သုံးယောက်အဖွဲ့ ထိုင်စောင့်နေဆဲ နာမည်ကြီး ပင်ဆီလ်ဗေးနီးယင်းအဖွဲ့၏ ခေါင်းဆောင် ဖရက်(ဒ) ၀ါရင်း ဓါတ်လှေကားဆီသို့ လျှောက်သွားတာ ကျွန်တော်လှမ်းမြင်သည်။ ရုတ်တရက်ပင် ကျွန်တော် သည်လူ့ကို သည်နေရာမှာပဲ တီးပြလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော့်အဖွဲ့သားတစ်ယောက်က လန့်သွားသည်။ ‘ဟ ဒီနေရာကြီးမှာ ဖြစ်ပါ့မလားကွ’ဟု ဆိုသည်။



‘တကယ်ဖြစ်မဖြစ် သေချာအောင် စမ်းကြည့်တာပေါ့ကွာ’ ကျွန်တော်ပြောရင်း ဂစ်တာကို ကောက်ကိုင်လိုက်သည်။ ကံအားလျော်စွာ ဓါတ်လှေကားကလည်း ကြာနေသည်။ ကျွန်တော်တို့လက်သံကို ကြားရသောအခါ ဖရက်(ဒ) အံ့အားသင့်သွားသည်။ ဓါတ်လှေကား ရောက်လာ၍ လှေကားထဲ သူမ၀င်မီမှာပင် ကျွန်တော်တို့ ‘လက်(စ) ပေါလ် သုံးယောက်ဝိုင်း’ ကို သူငှားရမ်းပြီးဖြစ်သွားလေသည်။



ထို့နောက် နှစ်ပေါင်း အတော်ကြာအောင် ကျွန်တော် ညစဉ်ညတိုင်း ဂစ်တာကို အမျိုးမျိုးအဖုံဖုံ တီထွင်စမ်းသပ် တီးခတ်နေခဲ့သည်။ သည်တူရိယာပစ္စည်း တကယ်ထူးခြားပေါ်လွင်လာအောင် မြှင့်တင်ပေးနိုင်မည့် နည်းနာများ ကျွန်တော် မပြတ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဂစ်တာတစ်လက်တည်းနှင့်ပင် ဂစ်တာများစွာပါဝင်သော သံစုံတီးဝိုင်းကြီးတစ်ခုမှ ထွက်လာသည့်အသံမျိုး ရအောင် ဖန်တီးရန် နည်းလမ်းကို ကျွန်တော် တွေ့ရှိခဲ့သည်။ တေးသီချင်းတစ်ပုဒ်အတွက် ရစ်သမ် ၊ မယ်လဒီ ၊ ဟာမိုနီ ၊ ဘက်ဂရောင်း စသည်တို့ကို တစ်ခုချင်း သီးခြားစီ တီးခတ်ပြီး အသံသွင်းယူသည်။ ထို့နောက် ၄င်းဓာတ်ပြားများအားလုံးမှ အသံစုံကို ဓာတ်ပြားတစ်ချပ်တည်းသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ဤသည်ကား ယခုအခါ မာလတီပယ်(Multiples)ဟုလူသိများနေပြီဖြစ်သည့်နည်းဖြစ်ပါသည်။



ပထမဆုံး မာလတီပယ်ဓာတ်ပြားများ သွင်းရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဖြစ်ပြီးနောက် မိသားစုထံ အလည်ပြန်ခဲ့သည်။ အိမ်မှာ ကောင်းကောင်းအနားယူပြီး အပြန်လမ်းတွင် ကားဘီးချော်ပြီး လမ်းဘေး ထိုးကျသည်။ ဆီးနှင်းတွေထဲမှာ ရှစ်နာရီလောက် ကြာပြီးမှ ကျွန်တော့်ကို တွေ့ကြကာ လူနာတင်ယာဉ်နှင့်ဆေးရုံသို့ယူဆောင်ကြသည်။



ဆေးရုံက လူနာမှတ်တမ်းမှာ ရေးသားထားသည့် ကျွန်တော့်ထိခိုက်ဒဏ်ရာစာရင်းက ကြောက်စရာ ရှည်လျားလွန်းလှသည်။ ကျောရိုးဆစ် တချို့ ကျိုးသွားသည်။ ပခုံးနှစ်ဖက်လုံး ကျိုးသွားသည်။ နှာခေါင်းရိုး ကျိုးသည်၊ ညာဘက်လက်မောင်းရိုးက သုံးနေရာတိတိ ကျိုးသွားသည်။ အဲသည်နောက် နံရိုး အတော်များများ၊ တင်ရိုးခွေ၊ ပြီးတော့ ခြေထောက်နှစ်ချောင်းလုံး။



တစ်နေ့နံနက်မှာ ဆရာဝန်တွေ ကျွန်တော့်ညာလက်မောင်းရိုးက ကျိုးကြေသွားတာတွေ သိပ်များနေသဖြင့် ပြန်လည်ပြင်ဆင်နိုင်ဖို့ အလွန်ခဲယဉ်းနေကြောင်း သုံးသပ်ကြသည်။ သည်လက်ကို ဖြတ်ပစ်လိုက်တာအကောင်းဆုံးဖြစ်လေမလားသူတို့ဆွေးနွေးကြသည်။



သူတို့ ပြောဆိုကြသည့် စကားများ၏ အနက် အဓိပ္ပာယ် အပြည့်အ၀ကို သေချာစွာ စေ့ငုနေမိသည့်အချိန် အခန်းထဲမှာ ကျွန်တော် နောက်ထပ် ဘာသံမျှ မကြား။ ကျွန်တော် စဉ်းစားနေမိသည်က လက်မောင်းရင်းကသာ ဖြတ်မည်ဆိုလျှင် ကျွန်တော့် ဂစ်တာသမားဘ၀ ဆုံးပြီ၊ ကျွန်တော်ကြိုးစားခဲ့သမျှ သဲရေကျပြီ ဆိုတာပဲ ဖြစ်သည်။ ခုတင်ပေါ်မှာ လဲလျောင်းရင်းကပင် အတိတ်ကာလဆီသို့ ကျွန်တော် လွင့်မျောရောက်ရှိသွားသည်။ ဘာဂျာဟောင်းလေးကို မှုတ်နေသည့် မြောင်းတူးအလုပ်သမားကြီးဆီသို့။ ယခုအချိန်ထိ ကျွန်တော် ရရှိခဲ့သမျှ အောင်မြင်မှုသည်လည်း သူပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဆံဖြူကျိုးကျဲနှင့် သူ့ရုပ်သွင်ကိုကျွန်တော်ပြန်မြင်လာသည်။



သို့နှင့်၊ကျွန်တော့်ခုတင်နှင့်အနီးဆုံးမှာရှိသည့်ဆရာဝန်ကိုလှမ်းပြောသည်။



‘ကျွန်တော် ပြောပါရစေဆရာ၊ ဒီလက်မောင်းကို ဆရာတို့ တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါဦး၊ လုံးဝ မရတော့ဘူးဆိုတာ သေချာတော့မှပဲ မရဘူးလို့ လက်လျှော့ကြရအောင်လား ဆရာ’



သည်နောက်မှာတော့ ကျွန်တော့်လက်မောင်းကို အကြိမ်ကြိမ် အထပ်ထပ် ခွဲစိတ်ကြသည်။ ခြေထောက်က အရိုးကို လက်မောင်းဆီ ဆက်ပွားနိုင်ပြီးတော့မှသာ လက်တစ်ချောင်းလုံး ဖြတ်ပစ်ရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားတော့သည်။ သို့သော် တံထောင်ဆစ်နေရာမှာ ပြဿနာကျန်နေသေးသည်။ တံထောင်ဆစ်နားတွင် အရိုးတွေ ကြေမွသွားသည်ဖြစ်ရာ အဲသည်နေရာတွင် သတ္တုပြားတစ်ခု အစားထိုးပြီး ပြန်လည်တည်ဆောက်ရသည်။ သည်နေရာမှာ အကွေးအဆန့်လုပ်၍ ရမည်မဟုတ်တော့။ ကွေးလျှင် အကွေးအတိုင်း ၊ ဆန့်လျှင် အဆန့်အတိုင်း တစ်သမတ်ရှိတော့မည်ဖြစ်ရာ ဆရာဝန်များအား ကျွန်တော် ဂစ်တာတီးရန် အဆင်ပြေသည့် အနေအထားအတိုင်းထားပေးရန်မေတ္တာရပ်ခံလိုက်သည်။



တကယ် ဂစ်တာတီး၍ ရ မရ သေချာအောင်ကား တစ်နှစ်ခွဲလောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် မရဘူး ဆိုတာ မသေချာမချင်း လက်မလျှော့ဘူးဟူသော မူဝါဒကို လက်ကိုင်ထားသူပီပီ အဲသည်စောင့်ဆိုင်းနေရစဉ် ကာလအတွင်းမှာ တေးသွားတွေ၊ တီးကွက်တွေကို ခေါင်းထဲမှာပဲ စဉ်းစားသည် ၊ စီစဉ်သည် ၊ အမျိုးမျိုးအဖုံဖုံ စမ်းသပ်တီးခတ်ကြည့်နေသည်။



တဖြည်းဖြည်း ကျွန်တော့်ခေါင်းထဲမှာ ဧရာမ လောင်းပလေး ဓာတ်ပြားကြီး တစ်ချပ် တည်ဆောက်မိလာသည်။ ကျွန်တော်ဂစ်တာ သေသေချာချာ ပြန်ကိုင်နိုင်သည့်အချိန် တီးခတ်မည့် ဂီတသံစဉ်တွေအားလုံးသည်ဓာတ်ပြားကြီးထဲမှာသိုမှီးထားသည်။



သည်လိုနှင့် နောက်ဆုံး ကျောက်ပတ်တီးဖြည်ရမည့်အချိန် ဆိုက်ရောက်လာပါသည်။ အဲသည်နောက်တွင် လုံးဝ အချိုးမကျဖြစ်နေသော ကျွန်တော့်ညာဘက်လက်ကို အရင်တုန်းက သူတတ်ခဲ့သမျှတွေ ပြန်လုပ်တတ်အောင် ခဲယဉ်းပင်ပန်းစွာ ပြန်လည်သင်ကြားခြင်း ပြုရပါသည်။ ထို့နောက်သုံးယောက်ဝိုင်းတစ်ခုထပ်မံထူထောင်ကာနယ်ပွဲစဉ်များစတင်သည်။



သည်လိုလုပ်ဖြစ်ရန်အတွက် ကျွန်တော် အတော်ကြီး သတ္တိမွေးခဲ့ရသည်။ ဇွဲကြီးကြီးနှင့်လည်း အားထုတ်ခဲ့ရပါသည်။ ယခင်ပုံမှန်အနေအထား ရောက်အောင် ကျွန်တော်ပြန်လုပ်နိုင် မလုပ်နိုင် ဆိုသည်ကစင်ပေါ်တကယ်တက်ကြည့်မှသေချာပေါက်သိနိုင်မည်မဟုတ်လား။



တစ်မြို့ပြီးတစ်မြို့၊ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကူးကာ တစ်နှစ်လောက်ကြာအောင် ကျွန်တော်ထွက်ခဲ့သည်။ အလွန်ပင်ပန်းသည်။ သို့သော် အဲသည်ပြင်းထန်ကြမ်းတမ်းလွန်းသော ခရီးစဉ်က အကျိုးရလဒ်ကြီးမားခဲ့သည်။ ထိခိုက်ဒဏ်ရာ မရမီက လက်ကို မီအောင် ကျွန်တော် ပြန်လည်တီးခတ်လာနိုင်ခဲ့သည်။



ကျွန်တော် ဓာတ်ပြားတွေ ပြန်သွင်းဖြစ်သည်။ သည်အခါမှာတော့ ကျွန်တော့်ဂစ်တာသံမှာ ဇနီးသည် မေရီဖို့ဒ်၏ အဆိုပါ တွဲဖက်ပါဝင်လာပြီ။ ကျွန်တော့်တို့ ဇနီးမောင်နှံ၏ ဓာတ်ပြားတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ နားသောတ ဆင်ကြသည်။ ဓာတ်ပြား ချပ်ပေါင်း ၁၇ သန်းကျော်မျှ ၀ယ်ယူအားပေးခဲ့ကြသည်။ အတိုင်းတိုင်း အပြည်ပြည်က လူငယ်များလောကတွင်လည်း ဂစ်တာ ဆိုသော တူရိယာပစ္စည်းက အကြီးအကျယ် ရေပန်းစားကာ အားတက်သရော လေ့ကျင့်တီးခတ်လာခဲ့ကြသည်။

***

များမကြာမီကမူ မိတ်ဆွေ ဂီတသမားတစ်ယောက် ကျွန်တော့်နည်းတူ ဆိုးဆိုးဝါးဝါးထိခိုက်အနာတရဖြစ်သည့်အကြောင်းကြားသိရသည်။ သူက စန္ဒရားသမား ဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် စန္ဒရားလုံးဝမတီးနိုင်တော့ပြီ၊ ဂီတပညာရှင်ဘ၀ကို စွန့်လွှတ်ရတော့မည်ဟု ကြားရသည့်အခါ ကျွန်တော် သူ့ကို စာတွေ အစောင်စောင်ရေးကာ ဂီတကို မစွန့်လွှတ်ဖို့ ၊ ပြန်လည်ကြိုးစားကြည့်ဖို့ တိုက်တွန်းသည်။



‘ကျွန်တော် မတတ်နိုင်တော့ပါဘူးဗျာ’ သူ့ထံမှ စိတ်ပျက်စွာ အကြောင်းပြန်လာသည်။



‘မတတ်နိုင်တော့ဘူးဆိုတာ သေချာလား ၊ သေချာအောင် ခင်ဗျား စမ်းကြည့်ပြီးပြီလား’ ဟူ၍ပဲ ကျွန်တော် ထပ်တလဲလဲ ပြန်မေးသည်။

နောက်ဆုံးတော့ ကျွန်တော့်တိုက်တွန်းမှု အောင်မြင်သွားသည်။ သူစန္ဒရားပြန်တီးသည်။ မျှော်လင့်ချက် ကင်းမဲ့သော အနေအထားမှ နေ၍ တောက်ပသော အနာဂတ် တစ်ခု သူပြန်လည် တည်ဆောက်နိုင်ခဲ့သည်။

***

သည်လိုပဲ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကျွန်တော်တို့ဘ၀တွေမှာ အုတ်နံရံကြီး ကာဆီးထားသလို ခက်ခဲသော အနေအထားမျိုးကြုံရတတ်ပါသည်။ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပြီဟု ထင်ရသည့်ပြသာနာမျိုး။ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။

သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့်။ ငါ မတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့ စမ်းကြည့်ပါ။ မတတ်နိုင်တာ တကယ်သေချာပါပြီဆိုတော့မှသာ လက်လျှော့ပါ။

ကျွန်တော်ကိုယ်တိုင် အနေနှင့်မူ ငယ်စဉ်က တွေ့ဖူးသည့် မြောင်းတူးသူအလုပ်သမားကြီး၏ ကျေးဇူးကြီးမားလှသော သြ၀ါဒစကားကို လိုက်နာခဲ့သည့် အကျိုးကြောင့် ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာ ဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်ဆိုတာ တွေ့မြင်သိမြင်ခဲ့ပြီဖြစ်ပါသည်။



'ဖေမြင့်'


ပန်းတိုင်ရှိရာ
********
မောင်စိန်ဝင်း(ပုတီးကုန်း)

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။

ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

(၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၊ ငွေတာရီမဂ္ဂဇင်း )

Monday, May 16, 2011

မြန်မာ လူမျိုးနှင့် တိုင်းရင်းသားများစာရင်း









ကချင်
ကချင် - တရုမ်း - ဒလောင် - ဂျိမ်းဖောလူမျိုး(သိန်းပေါ်၊ ဂျင်းဖော) - လော်ဝေါ်(မရူလူမျိုး) -ရဝမ်လူမျိုး- လာချိဒ်- လီဆူလူမျိုး- ဇိုင်ဝါး- ဂေါ်ရစ် - ခါ့ခူးလူမျိုး - ဒုရင် - လရှီလူမျိုး - အဇီး

ကယား
ကယား(သို့)ကယန်း - ဇယိန်လူမျိုး - ပဒေါင်လူမျိုး - ဂေခို - ဂေဘား - ပရဲလူမျိုး - မနူမနော် - ယင်းတလဲ - ယင်းဗော်လူမျိုး

ကရင်
ကရင် - ကရင်ဖြူ - ပလေကီး (ပလေချီ) - မွန်ကရင် - စကောကရင် - တလှေပွာ - ပကူး - ဘွဲ - မောနေပွား - မိုးပွ - ပိုးကရင်

ချင်း
ချင်း - ကသည်း - မယ်တိုင် (ကသဲ) - ဆလိုင်း - ကလင်ကော (လူရှေ) - ခမီ - အောဝခမီ - ခေါနိုး - ခေါင်စို - ခေါင်ဆိုင်ချင်း - ခွာဆင်းမ် - ခွန်လီ (ဆင်မ်) - ဂန်တဲ့ (လင်တဲ) - ဂွေးတဲ - ငွန်း - ဆီစာန် - ဆင်တန် - ဆိုင်းဇန် - အရှိုချင်း - -ချိုး - ခမီ - လိုင်မီး - - ဇိုမီး - မီဇိုး - ဇာဟောင် - ဆိုင်းတန်လူမျိုး - ဇိုဖေ - ဇို - ဇန်ညှပ် - တပေါင် - တီးတိန် (တဲဒင်မ်) - တေဇန် - တိုင်ချွန်း - တာ့ဒိုး - တောရ် - ဒင်မ် - ဒိုင်လူမျိုး - နာဂ - တိုင်ချွန်း - မာရင် - ပနမ်း - Magun - မတူ - မီရမ် (မရာ) - မီအဲ - မကန်း - လူရလူမျိုး၊လူရှိုင်း (လူရှေ) - လေးမြို - လျင်းတု - လောက်ထူ - လိုင် - လိုင်ဇို - ပါကင်းမ် - ဟွာလ်ငို - အနူး - အနန် - အူပူ (မရို) - လျင်းတု - အရှိုချင်း - ရောင်ထု

ဗမာ
ဗမာ - ထားဝယ် - မြိတ် - ယော - ရဘိန်း - ကတူး - ကနန်း - ဆလုံလူမျိုး - ဖွန်း (ဖုန်း)

မွန်
မွန် လူမျိုး

ရခိုင်
ရခိုင် - ကမန် - ခါမီ - ဒိုင်းနက် - မြို - သက်

ရှမ်း
ရှမ်း - ဓနောလူမျိုး - ဓနုလူမျိုး - အိုက်ဆွယ် - အင် - ဂုံလူမျိုး(ခွန်) - အင်းသား - ကော် (အခါအိကော) - ခန်တီးရှမ်း - ခမူ - ကိုးကန့် - ကွီ - လားဟူ - မိုင်းသာ - မြောင်ဇီး - မောရှမ်း - ပလောင် - ပလေး - ပအိုဝ်း(တောင်သူ) - ဖျင် - ရှမ်းကလေး - ရှမ်းကြီး - မုံလူမျိုး - တိုင်းလွယ် - တိုင်းလျမ် - တိုင်းလုံ - တိုင်းလေ့ - တောင်ရိုး - ဝ - ယောင် - ယင်ကျား - ယင်းနက်လူမျိုး - ယွန်း

ရွှေတိဂုံ စေတီတော်မြတ် သမိုင်း


ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် ဉာဏ်တော...်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေ ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်) အမည်ခေါ်တွင်ပုံ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ သမိုင်းကြောင်း သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ကုန်သည်ညီနောင် ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။ ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။ ပထမဆုံး သရဏဂုံတည်သူ ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဆံတော်ရှစ်ဆူ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။ နောင်တော်ကြီးစေတီ ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။ ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌ ၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော် ၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော် ၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ် ၄..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

Gmail တွင် ပို့ပြီးသား Mail ကို ပြန်ဖျက်ချင်ရင်


Google သုတေသန Lab မှ G-mail အသုံးပြုသူများ ၄င်းတို့ပို့ထားသည့် Mail များကို ပြန်ဖျက်ပစ်နိုင်သည့် Feature တစ်ခုကို
ထည့်သွင်းပေးလိုက်ကြောင်း သိရပါသည်။
Undo Sent ဟု အမည်ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု
Google က ဆိုထားပါတယ်။ မူလက G-mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူအနေဖြင့် ပြန်ဖျက် မပစ်နိုင်ပါဖူး။
အခု Feature အရ Mail ပေးပို့ပြီး ၅ စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်းအချိန်ကြာမှ ဖျက်ပစ်လိုပါကလည်း Sent Mail ထဲရှိ မိမိ ပို့ထားသော
Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှားနိုင်မည်ဖြစ်သည်။ ထို Feature ကို အသုံးပြုလိုပါက G-mail Account ထဲ ရှိ Setting ထဲတွင် Undo Sent နေရာလေးအား Enable ကလစ်လုပ်လိုက်ရုံပါပဲ။
Setting>Labs>Undo Sent>Enable>Save Changes ဆိုရင် ရပါပြီ။

အောက်မှာ ပုံနှင့်တစ်ကွ ပြထားပါတယ် လေ့လာကြည့်ပါ
ပထမ က Setting ကိုသွားပါ


ပြီးလျှင် Labs ကို ကလစ်ပေးလိုက်ပါ


ကလစ်ပေးပြီးတာနဲ့ အောက်သို့ဆွဲချပြီး Undo Sent ကို Enabel ပေးပြီးတာနဲ့ အောက်ဆုံးကိုဆွဲချပြီး Save Changes လုပ်ပေးလိုက်တာနဲ့ အရင်ပို့ထားတဲ့မေးတွေ
ပျောက်ပျက်သွားပြီ ဖြစ်ပါတယ်။။။

(ဖျက်ချင်မှ လုပ်နော် မဖျက်ချင်သေးရင် မလုပ်လည်းရပါတယ်....)

မြန်မာပြည်ထွက် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်ကျောက်မျက်ရတနာများ



* မြန်မာပြည်အတွင်းမှတူးဖော်ရရှိ သော မြန်မာပြည်ထွက် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်ကျောက်မျက်ရတနာများ*
၁။ငမောက်ပတ္တမြား
။===။မြန်မာသက္ကရာဇ် ၁၀၂၃ ခုနှစ်တွင် ငါးထပ်ကြီးဘုရားဒါယကာ ပင်းတလဲမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၈၁)ကာရက်ရှိ ၎င်းငမောက်ပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၂။လှော်ကားတင်ကြီးပတ္တမြား
။===။မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် သာယာဝတီမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၄၄)ကာရက်ရှိ ၎င်းပတ္တမြားကြီးကို တူးဖေါ်တွေ့ရှိ၍ ။လှော်ကားနှင့်တင်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၃။။လှော်ကားတင်လေး ပတ္တမြား
။===။မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ်တွင် ဘိုးတော်ဘုရားမင်း ထီးနန်းအုပ်ချုပ်စဉ်၌ အလေးချိန်(၁၈)ကာရက်ရှိ ၎င်းပတ္တမြားကြီးကို တူးဖေါ်တွေ့ရှိ၍ လှော်ကားနှင့်တင်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၎။ဆင်မတော် ပတ္တမြား
။===။ အလေးချိန်(၄၀)ကာရက်ရှိ ၎င်းပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆင်မတော်နှင့်တင်လျှက်ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ဗိုလ်ချုပ်ကာနယ်စလေဒင်တို့သိမ်းဆည်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

၅။ပတ္တမြားဂေါ်ကြိုးကျောက်
။===။အလွန်အရည်အသွေးကောင်းပြီးအလေးချိန်(၁၀.​​​၁)ကာရက်ရှိ ၎င်းငမောက်ပတ္တမြားကြီးကိုတူးဖေါ်တွေ့ရှိ၍ ဆက်သခဲ့ရာ မြန်မာ့နန်းစဉ်ရတနာပတ္တမြားအဖြစ် ထိမ်းသိမ်းလာခဲ့သည်။ ယခုအချိန်တွင် အမေရိကန်နိုင်ငံ၊၀ါရှင်တန်မြို့၊ စမစ်ဆီဒိုလမ်း ပြတိုက်၌ စတော့အော့ဖ်အင်ဒီးယားအမည်ဖြင့် ပြသထားသည်ဟုသိရှိရပါသည်။

၆။မိုးကုတ်သရဖူ ပတ္တမြား
။===။သက္ကရာဇ် ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်၌ မိုးကုတ်ရွှေပြည်အေးရတနာစခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ အရိုင်း-(၁၀.၉၅)ကာရက်နှင့် သွေးပြီး(၅.၅၆)ကာရက်ရှိကြောင်းသိရှိရပါသည်။

၇။ န၀တ ပတ္တမြား
။===။သက္ကရာဇ် ၁၉ ခုနှစ်၊ လတွင် န ၀ တ လက်ထက်၌ စခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ -(၄၉၆.၅)ကာရက်ရှိပြီး ပတ္တမြားညွန့်ရည်ဟုခေါ်သော နှင်းဆီပန်းအနီရင့်ရောင် ရှိကြောင်းသိရှိရပါသည်။

၈။ကမ္ဘာ့အကြီးဆုံး ပတ္တမြား
။===။သက္ကရာဇ် ၁၉ ခုနှစ်၊ လတွင် န ၀ တ လက်ထက်၌ မိုးကုတ်မြို့၊ ကင်းရွာ၊လုပ်ကွက်အမှတ်(၁၄) စခန်းမှတူးဖေါ်တွေ့ရှိ၍ အလေးချိန်မှာ -(၂၁၄၅)ကာရက် အလျား(၇လက္မ)၊ အနံ(၄.၅လက္မ)၊ အမြင့်(၄ လက္မ) ရှိကြောင်းသိရှိရပါသည်။

၉။ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းနဂါး
။===။သက္ကရာဇ် ၂၀၀၁ ခုနှစ်၊ ဇန္န၀ါရီ လအတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်`၌ ကချင်ပြည်နယ်၊ ဖါးကန့်ဒေသ၊ လုပ်ကွက်အမှတ်(၁) ပအိုဝ့်ငြိမ်းချမ်းရေးအဖွဲ့ကတွေ့ရှိသည့် တန်ချိန်ပေါင်း(၂၀၀၀)ကျော်ခန့်ရှိ အလျား(ပေ ၇၀)၊ အနံ(၁၆ ပေ)၊ အမြင့်(ပေ ၂၀) ရှိကြောင်းသိရှိရပါသည်။

၁၀။မြန်မာ့ပုလဲရတနာကြီး
။ ===။၂၀၀၁ ခှုနစ်၊ဧပြီလ (၁၈)ရက်နေ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌ တနင်္သာရီတိုင်း၊ကော့သောင်းမြို့၊ဇာဒက်ကြီးကျွန်းအနောက်မြောက်ဘက် မက်ကလောင်မုတ်ကောင်ငုပ်ကွက် ဧရိယာမှဆယ်ယူရရှိခဲ့ပါသည်။အလေးချိန်(၈၄၅)ကာရက်၊ အလျား(၆.၂) ၊အနံ(၅.၃) ၊အမြင့်(၃) ရှိပါသည်။အလေးချိန်(၁၆၉)ဂရမ်၊ ၉၂၅.၅၀)ရတီနှင့် ငွေရောင်အဆင်းရှိသော မြန်မာ့ပုလဲရတနာကြီးဖြစ်ပါသည်။

ဂုဏ်ပေါင်းဝေဖြာ ကျောက်မျက်ရတနာ အစွမ်းကမ္ဘာ ===
န၀ရတ်စွမ်းရည်
။ ။ ပတ္တမြား ဘုန်းတောက်၊ မြကျောက် အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္ဓိ၊ မဏိနီလာ မေတ္တာကဲချုပ်၊ ဂေါ်မုတ် ခွန်အား၊ ဥဿဖရား ကျန်းမာ၊ သန္တာ ကြီးကဲ၊ ပုလဲ ကျက်သရေ၊ ဂုဏ်တိုးစေ၊ ကိုးထွေ န၀ရတ်စွမ်းရည်တည်း။

ကိုးကား=ပညာကျော်ရေးသားသော စာအုပ်မှကူးယူဖေါ်ပြသည်။

See You At The Top ! * ထိပ်ဆုံးမှာ တွေ့ကြမယ်......

* ပြင်းထန်သော ဆန္ဒဖြင့် တိကျသော ရည်မှန်းချက်ထားရှိပါ။


* ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရှိရမည်ဟု သက်မှတ်ပါ။


* ရည်မှန်းချက် ဘာလဲဆိုတာကို စာဖြင့်ရေးချထားပါ။


* မည်သို့ သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်။


* ပန်းတိုင်သို့ ရောက်ရေးကို နေ့စဉ်တွေးပါ။


* မိမိ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိပါ။


* ရေးဆွဲထားသည့် စီမံချက်အတိုင်း မနေမနားကြိုးစားဆောင်ရွက်ပါ။


* အခြားသူတို့၏ အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားပါ။


* မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းပါ။


* အနှစ်မရှိသော အလုပ်များ ဖြင့် အချိန်ဖြုန်း ပျော်မွေ့နေသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ပါ။


* မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိပါ။ သိအောင်လုပ်ပါ။


* ထကြွ လုံ့လ ၀ီရီယ ရှိပါ။


* အခွင့်အရေးရတုန်းမှာ ယူထားပါ။ မလွတ်ပါစေနှင့်။ မိုးရွာတုန်းရေခံ။ မိုးရွာတာက ကံ။ ရေခံတာက ၀ီရီယ။


* ဝေဖန်မှုကို ခံယူပြီး အကျိုးရှိအောင် ပြုပြင်ပါ။ မခံချင်စိတ်အပေါ်တွင် နာကျင်မှုနဲ့ မျိုးစေ့ချ စိုက်ပျိုးပြီး အသီးအပွင့်များကို ခူးယူ စားသုံးပါ။


* ပြောသင့်တာနှင့် လုပ်သင့်တာကို ချင့်ချိန်ခွဲခြားတတ်သူဖြစ်ပါစေ။


* ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။


* ငွေစုပါ။ ငွေမည်မျှ ရှာဖွေနိုင်သည်မှာ အဓိကမဟုတ်၊ မည်မျှ စုဆောင်းနိုင်သည်မှာ အဓိက ဖြစ်သည်။


* ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ပါ။


* စိတ်ဓာတ်မကျအောင် သတိပြုထိန်းသိမ်းပါ။


* မိမိကိုယ်ကို ယုံကြည်မှုရှိပါ။


* ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိပါ။


* ဂုဏ်သိက္ခာကို သန့်ရှင်းဖြူစင်အောင် ထိန်းသိမ်းပါ။


* သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားမျိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။


* သင်၏ သီးသန့်ဘ၀ကို တသီးတသန့် ဖြစ်ပါစေ။


* သင့်လျှို့ဝှက်ချက်ကို သင့်အင်္ကျီပင် မသိပါစေနှင့်။


* အတွေ့အကြုံတိုင်းအပေါ်တွင် သင်ခန်းစာယူပါ။


* ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်မတိုက်မိပါစေနှင့်။


* သတိရှိပါ။ သတိသည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။


* ယနေ့လုပ်နိုင်တာတွေကို မနက်ဖန်လုပ်ဖို့ ချန်မထားပါနှင့်။


* အချိန်၏ တန်ဖိုးကို နားလည်ပါ။


* မိတ်ဆွေကောင်းများကို ထိန်းသိမ်းပါ။ မိတ်ဆွေများနှင့် အချေးအငှား၊ အချေးအယူ မလုပ်ပါနှင့်။


* လောင်းကစား၊ မိန်းမနှင့် အရက်ကို ဝေးဝေးကရှောင်ပါ။


* သင့်ဘ၀ကို လုပ်ငန်း၊ အဖွဲအစည်းတစ်ခုခု (သို့) လူတစ်ဦးတစ်ယောက်ထံသို့ အူလှိုက် အသည်းလှိုက် ပုံမအပ်သင့်ပဲ ပုံမအပ်ပါနှင့်။


* ခင်မင်မှုကို တန်ဖိုးထားပါ။ ချစ်ပါ။ ဒါပေမယ့် ခွဲခွာရမည်ကိုလည်း မကြောက်ပါနှင့်။


* သြဇာလွှမ်းမိုးမှု ကွန်ယက်ကို ဖြန့်ကျက်ပါ။


* တာဝန်ယူစိတ်ရှိပါ။ တာဝန်ကျေပွန်အောင် ပြင်းထန်သောဆန္ဒကို မွေးမြူပါ။


* မိမိ၏ လုပ်ရပ်သည်ရည်မှန်းချက်ကိုထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြုပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲကြိုဆိုလက်ခံပါ။


* သင်သည်နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။


* စာပေ လေ့လာဆည်းပူးပါ။


* ရတနာသုံးပါးကို မမေ့ပါနှင့်။


* See You At The Top!!

ဘဝရှင်သန်နည်းများ

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

(၁) ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။ စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။

လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။ တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။

"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား? သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။

စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။ လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။ အခက်အခဲက အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးဦးတည်ရာကို ဆက်လျှောက်ကြတယ်။

ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။

လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို သင်လိုချင်တိုင်း ရနိုင်ပါတယ်။

(၂) ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပြဿနာ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ပါ။ ဒါမှလည်း ဘဝက အဓိပ္ပာယ်ပြည့်စုံသလို ဘဝကို ကျေနပ်အားရမှုဖြစ်စေပါတယ်။ အခက်အခဲကို ရှောင်လွဲတာ ရှောင်ပုန်းတာဟာ နည်းတစ်ခုမဟုတ်ပါဘူး။ တည့်တည့်ရင်ဆိုင်တာဟာ အခက်အခဲကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။

လူ့ဘဝလမ်းက အမြဲတစေ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ဘူး။ ချောမွေ့တဲ့လမ်းရှိသလို ကြမ်းတမ်းတဲ့ ခရောင်းတောလမ်းလည်းရှိတယ်။ အောင်မြင်ခြင်းဆီသွားတဲ့ လမ်းပေါ်က သင်တွေ့ကြုံရတဲ့ အခက်အခဲတွေက သင့်ကို ပိုရှေ့ဆက်တိုးဖို့ စေ့ဆော်ပေးတယ်၊ လှုံ့ဆော်ပေးတယ်။ တနည်းပြောရရင် အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုတွေက သင့်ကိုပိုသန်မာစေတယ်၊ ကြီးပြင်းစေတယ်။ အခက်အခဲကြုံချိန်မှာ သင့်ရဲ့သန်မာကြံ့ခိုင်မှုနဲ့ ပျော့ညံ့မှုက အနိုင်အရှုံးကို ခွဲခြမ်းပေးပါတယ်။ ကံကြမ္မာဆိုးကို တွန်းလှန်ပြီး ထူးခြားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ သင့်ယုံကြည်မှုကလည်း အရေးပါတယ်။ သင့်ယုံကြည်မှုက သင့်ဘဝကို ထူးခြားနိုင်စွမ်းရှိပါတယ်။

အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများလက်လွတ်ချိန် နောက်ဆုံးစက္ကန့်ထိ သင်တောင့်ခံနိုင်ရင် သင်ဟာ အောင်နိုင်သူဖြစ်တယ်။ အောင်မြင်ခြင်းဟာ များသောအားဖြင့် နောက်ဆုံးမှရောက်လာတတ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် တစ်ဝက်တစ်ပျက်ကနေ ကျွန်တော်တို့ ရပ်မသွားသင့်ဘူး။ ရှောင်လွဲမသွားသင့်ဘူး။ ရှေ့ဆက်လမ်းတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ကြံ့ကြံ့ခံပြီး ဆက်လျှောက်သွားသင့်တယ်။ ဒါမှ နောင်တစ်ချိန်မှာ ငါမလုပ်လိုက်ရပါလားဆိုတဲ့ နောင်တတွေ မကျန်မှာဖြစ်တယ်။

နှစ်သက်ပျော်ဘွယ်တဲ့ဘဝဆိုတာ အခက်အခဲကြားက တည်ဆောက်ထားတာဖြစ်တယ်။ အခက်အခဲဆိုတာ လူတစ်ယောက်အတွက် ဓားသွေးကျောက်ဖြစ်တယ်။ အခက်အခဲတွေကို သင့်ရဲ့သန်မာမှု၊ သင့်ရဲ့ယုံကြည်မှုနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရင် ရောင်ခြည်ဖြာတဲ့ဘဝကို သင်တွေ့ရပါလိမ့်မယ်။

(၃) နိုင်ချင်ရင် ရှုံးမှာကို မကြောက်နဲ့။ ရှုံးတာကိုမကြောက်မှ နောက်ဆုံးမှာ အောင်နိုင်တာကိုရမယ်။ ရှုံးတာကိုကြောက်နေရင် နောက်ဆုံးမှာ ရှုံးတာပဲရမယ်။

လူ့ဘဝလမ်းမှာ အန္တရာယ်အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကို ကျွန်တော်တို့လူတိုင်း ရင်ဆိုင်ရတတ်တယ်။ အောင်နိုင်တာရှိသလို ရှုံးနိမ့်တာလည်းရှိတယ်။ ဒါပေမဲ့ လူ့ဘဝရဲ့အောင်နိုင်မှုဆိုတာ တခဏတွင်းမှာရတဲ့ အောင်နိုင်မှုကိုခေါ်တာ မဟုတ်ဘူး။ နောက်ဆုံးအထိ ကြံ့ကြံ့ခံနိုင်သူမှ တကယ့်အောင်နိုင်သူဖြစ်တယ်။ လူ့ဘဝရဲ့နောက်ဆုံးအချိန်မရောက်မချင်း ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာ ကျွန်တော်တို့သတ်မှတ်လို့ မရဘူး။ ဒါကြောင့် ဘဝရဲ့ဘယ်အချိုးအဆစ်မှာဖြစ်ဖြစ် ကျွန်တော်တို့ အားမလျော့သင့်ဘူး။ မျှော်လင့်ချက်တွေနဲ့ အမြဲပြည့်နေသင့်တယ်။

နာကျင်မှုကြောင့် သင့်ရဲ့ရွေးချယ်မှုကို လက်မလွတ်ပါနဲ့။ တကယ့်အောင်နိုင်သူဆိုတာ တခြားလူထက် ပေးဆပ်မှုများပြီး တခြားလူထက် ဆင်းရဲဒုက္ခ ပိုတွေ့ကြုံရတာလေးပါပဲ။ နာကျင်ပေမယ့် ရွေးချယ်မှုကို လက်မလွတ်တဲ့လူသာ အောင်မြင်မှုကို ရမှာဖြစ်တယ်။

ဇာမဏီငှက်တွေဟာ ပြင်းထန်တဲ့နာကျင်ခက်ခဲမှုတွေကို တွေ့ကြုံခံစားရပြီးမှ လှပတဲ့ ခန္ဓာနဲ့အမွှေးအတောင်ကို ရခဲ့တာဖြစ်တယ်။ လူတစ်ယောက်ရဲ့အောင်မြင်မှုက မတော်တဆရတာမျိုး မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ ရလာတာဖြစ်တယ်။ လူတွေက သူ့ရဲ့အောင်မြင်မှုကိုသာ တွေ့တယ်။ အဲဒီအောင်မြင်မှုဆီရောက်ဖို့ သူရင်းခဲ့တဲ့ သွေးနဲ့ချွေးတွေကိုတော့ သူကိုယ်တိုင်ပဲသိပါတယ်။

(၄) လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်တယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။

မိုင်ထောင်ပေါင်းခရီးက စလှမ်းတဲ့ခြေလှမ်းတစ်လှမ်းရဲ့အောက်မှာ ရှိတယ်။ ခြေတစ်လှမ်းစ,မလှမ်းရင် မိုင်ထောင်ပေါင်းခရီးကလည်း ရှိမှာမဟုတ်ဘူး။ ချောင်းမြောင်းတွေ မပေါင်းစီးရင် ပင်လယ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြီးတာရချင်ရင် သေးတာကနေ စလုပ်ရတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ရင်ထဲမှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကူးအိပ်မက်တွေရှိပြီး တစ်လှမ်းချင်း စ,မကြိုးစားခဲ့ရင် အကောင်အထည်ပေါ်ဖို့ဆိုတာလည်း လုံးဝရှိမှာ မဟုတ်ဘူး။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုတယ်။ ဘုန်းကြီးနှစ်ပါးဟာ တောနက်တစ်နေရာမှာ သီတင်းသုံးနေကြတယ်။ တစ်နေ့မှာ ဘုန်းကြီးတစ်ပါးက တောင်ပင်လယ်ဘက်ဆီ သွားမယ်လို့ဆိုတယ်။ ဒုတိယဘုန်းကြီးက ဘာနဲ့သွားမလဲလို့မေးတော့ ရေတစ်ပုလင်း၊ ထမင်းတစ်ထုပ်နဲ့သွားမယ်လို့ ပထမဘုန်းကြီးက ဖြေတယ်။ တောင်ပင်လယ်ဆီ လှေနဲ့သွားဖို့ စဉ်းစားခဲ့တာတောင် အခုထိ အကောင်အထည် မပေါ်သေးဘူး။ ရေတစ်ဗူး၊ ထမင်းတစ်ထုပ်နဲ့ဆို ပိုဆိုးတယ်လို့ ဒုတိယဘုန်းကြီးက ဆိုပါတယ်။

(၂)နှစ်အကြာမှာ နေရပ်ကို ပထမဘုန်းကြီးပြန်ရောက်လာပြီး ဒုတိယဘုန်းကြီးကို တောင်ပင်လယ်ဘက်က အကြောင်းတွေ ပြောပြခဲ့တယ်။ လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်ပါတယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ပထမခြေလှမ်းကို စလှမ်းရဲတာနဲ့ အောင်မြင်ဖို့အခွင့်အရေးက ပိုနီးစပ်သွားခဲ့ပါတယ်။

(၅) လူ့ဘဝမှာ ဒီလို ထူးဆန်းမှုတွေ အများကြီးရှိတယ်။ တိမ်ပေါ်တက်ဖို့ထက် ခက်တယ်လို့ ထင်မြင်ရတဲ့ အခက်အခဲတွေက တစ်ခါတလေမှာ လွယ်လွယ်ကူကူနဲ့ ပြီးမြောက်အောင်မြင်သွားနိုင်တယ်။ ဒါဟာ လွန်ကဲတဲ့ ယုံကြည်မှုကြောင့်ဖြစ်တယ်။

ဟိုးရှေးရှေးတုန်းက ဆင်းရဲသား ဆိတ်ကျောင်းသားတစ်ဦးဟာ လူမမယ်ကလေးငယ်နှစ်ယောက်နဲ့အတူ ဆိတ်ကျောင်းရင်း အသက်မွေးဝမ်းပြုတယ်။ တစ်နေ့မှာ ဆိတ်ကျောင်းရင်း တောင်ကုန်းတစ်ကုန်းပေါ် သူတို့ရောက်လာခဲ့ကြတယ်။ အဲဒီမှာ ဘဲတစ်အုပ်က အသံတစာစာနဲ့ သူတို့အပေါ်ကနေ ဖြတ်ပျံသွားတယ်။ သားငယ်က ဆိတ်ကျောင်းသားဖခင်ကို "ဖေဖေ.. ဖေဖေ.. ဒီဘဲအုပ်တွေ ဘယ်ကိုပျံသန်းကြသလဲ"လို့ မေးတယ်။ "ဆောင်းခိုဖို့ နွေးတဲ့အရပ်ဆီ ပျံသန်းသွားကြတာပါ" လို့ ဖခင်က ဖြေပါတယ်။ အဲဒီမှာ သားကြီးက အားကျတဲ့မျက်လုံးနဲ့ "ကျွန်တော်တို့လည်း ဘဲတွေလို ပျံသန်းနိုင်ရင် အရမ်းကောင်းမှာပဲ။ တကယ်လို့ ပျံသန်းနိုင်ရင် ဘဲတွေထက် ပိုမြင့်အောင် ကျွန်တော်ပျံသန်းပြီး ကောင်းကင်ထက်မှာ မေမေရှိတဲ့နေရာကို အရောက်သွားမယ်" လို့ ဆိုတယ်။ သားငယ်ကလည်း "ပျံသန်းတတ်တဲ့ ဘဲတစ်ကောင်ဖြစ်ရတာ သိပ်ကောင်းတာပဲ၊ ဒီလိုဆိုရင် ဆိတ်ကျောင်းစရာမလိုတော့ဘူး။ ကိုယ်သွားချင်တဲ့နေရကို ပျံသန်းသွားလို့ရတယ်" လို့ဆိုတယ်။

ဆိတ်ကျောင်းသားဖခင်က ခဏလောက် တိတ်ဆိတ်သွားပြီး သားနှစ်ယောက်ကို "သားတို့တကယ်ဖြစ်ချင်ရင် တကယ်ပျံနိုင်လိမ့်မယ်" လို့ဆိုတယ်။

ဖခင်စကားအတိုင်း သားနှစ်ယောက်လုံး စမ်းပျံကြည့်ကြတယ်။ ဒါပေမဲ့ ထပျံလို့မရနိုင်ခဲ့ဘူး။ ညီအစ်ကိုနှစ်ယောက်စလုံး ဖခင်ကို သံသယမျက်လုံးနဲ့ ကြည့်ခဲ့ကြတယ်။ ဖခင်က သူပျံပြမယ်ဆိုပြီး ထပျံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ "ဖေဖေက အသက်ကြီးလို့ မပျံနိုင်တော့တာပါ။ သားတို့က ငယ်သေးတယ်။ မပြတ်ကြိုးစားပြီး ပျံကြည့်ပါ။ တစ်နေ့မှာ ပျံသန်းနိုင်ပြီး သွားချင်တဲ့နေရာကို သွားနိုင်လိမ့်မယ်" လို့ ပြောခဲ့တယ်။ ဖခင်ရဲ့စကားကို သူတို့စွဲစွဲမြဲမြဲမှတ်သားပြီး မပြတ်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးမှာ အောင်မြင်ပြီး သွားလိုရာကို သူတို့ရောက်ခဲ့ကြတယ်။

လူတစ်ယောက်ရဲ့ရင်ထဲမှာ ယုံကြည်မှုဆိုတာရှိပြီး ကြံ့ကြံ့ခံ မပြတ်ကြိုးစားခဲ့ရင် အောင်မြင်မှုကို မလွဲမသွေရမှာ အမှန်ဖြစ်တယ်။

(၆) လူ့ဘဝရဲ့ အကြီးဆုံးအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရရင် အဲဒီအခက်အခဲကို ဖြေရှင်းနိုင်တဲ့ရှေ့ပြေးက --- အသက်ရှင်နေဖို့ပဲဖြစ်တယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ပျက်ဝမ်းနည်းနေပါစေ အသက်ရှင်နေမှ အရာရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ အောင်နိုင်မှာဖြစ်တယ်။

ဘဝဆိုတာ ကျွန်တော်တို့ကို ဘုရားသခင်ပေးတဲ့ အထူးလက်ဆောင်ဖြစ်တယ်။ မျှော်လင့်ချက်မဲ့တဲ့ နွံ့အိုင်ထဲနစ်နေရင်တောင် ဘဝရဲ့အလင်းတန်းကို (အလင်းစက်လေး တစ်စက်ပဲဖြစ်နေရင်တောင်) ဖမ်းဆုပ်ပြီး လဲကျမသွားဖို့ ကိုယ့်ကိုယ်ကို အားပေးတောင့်ခံထားသင့်တယ်။ အသက်ရှင်ဖို့ကြိုးစားရမယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ လောကမှာ မျှော်လင့်ချက်မဲ့တဲ့အရာ ဆိုတာမရှိဘူး။ မျှော်လင့်ချက်မဲ့တဲ့ လူပဲရှိတယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိတယ်။ အသက်ရှင်နေမှ စိတ်ကူးအိပ်မက်ဆိုတာ ရှိတယ်။

(၇) တကယ့်အောင်မြင်တဲ့ဘဝဆိုတာ အောင်မြင်မှုအကြီးအသေးပေါ် မမူတည်ဘူး။ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တကယ်ကြိုးပမ်းပြီး အားစိုက်ထုတ်ခဲ့တဲ့အပေါ် မူတည်တယ်။ ကိုယ်ပိုင်လမ်းလေးအဖြစ် လျှောက်လှမ်းနိုင်ဖို့ပဲ လိုပါတယ်။

အောင်မြင်သူတွေရဲ့ အင်အားပါတဲ့တက်ကြွမှုက သာမန်လူတချို့ရဲ့ရင်ကို နေမသိထိုင်မသာတဲ့ ခံစားမှုမျိုးဖြစ်စေတယ်။ အောင်မြင်သူတွေရှုံးနိမ့်ပြီး သူတို့လို သာမန်တဲ့ဘဝကိုရောက်ဖို့ သူတို့မျှော်လင့်ကြတယ်။ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ ဒီကနေ့မှာ သင်ဟာ လူသားအားလုံးရဲ့ဇာတ်လိုက်ဖြစ်ပေမယ့် မနက်ဖြန်မှာ သင်ဟာ ကာလိုက်ကာဆွဲတဲ့ လူတစ်ယောက်လည်း ဖြစ်သွားနိုင်တယ်။ ဖြောင့်ဖြူးချောမွေ့တဲ့လမ်းဆိုတာ ရှိသလို သတိမမူ ဂူမမြင်တဲ့အခါလည်းရှိတယ်။ ထက်မြက်တဲ့လူက လူ့ဘဝရဲ့ အတက်အကျကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မှတ်ယူထားတယ်။ ဒါဟာ အသိဉာဏ်တစ်မျိုးဖြစ်တယ်။ စင်ပေါ်ရောက်ရောက် စင်အောက်နေနေ ကြံ့ခိုင်သင့်တယ်။ ပေါ့ပါးနေသင့်တယ်။

ထက်မြက်တဲ့လူတွေက ကိုယ့်ဘဝကို အဆင့်အတန်းတစ်ခု သတ်မှတ်ထားတယ်။ လူတကာသတ်မှတ်လို့ လိုက်သတ်မှတ်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ထဲ တကယ့်ရှိနေတဲ့ အဆင့်အတန်း၊ စံနှုန်းကို သတ်မှတ်တာဖြစ်တယ်။ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အရာကို ဇွဲနဲ့လုပ်ဆောင်တာမျိုးဖြစ်တယ်။ တခြားလူကိုလည်း မထိခိုက်၊ လောကကြီးကိုလည်း မထိခိုက်ဘဲ ကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင်တာကို ပြောဆိုလုပ်ကိုင်တာမျိုးဖြစ်တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အောင်မြင်တဲ့အနှစ်သာရဖြစ်တယ်။

(၈)ခေါင်းငုံ့တာဟာလည်း အင်အားတစ်မျိုးပါ။ ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာမဟုတ်ဘူး၊ ပျော့ညံ့တာမဟုတ်ဘူး။ တစ်ခါတလေမှာ ခေါင်းလေးနည်းနည်းငုံ့တာက ကျွန်တော်တို့ရဲ့ လူ့ဘဝကို ပိုမိုတောင်ပြောင်စေနိုင်ပါတယ်။

လူ... စိတ်ကောင်းရှိရတယ်၊ ရိုးသားရတယ်၊ ကြံ့ခိုင်ရတယ်။
လူ... အောင်မြင်ချိန် စိတ်ကြီးမဝင်သင့်ဘူး။ ရှုံးနိမ့်ချိန် ရည်မှန်းချက်ကို လက်မလွတ်သင့်ဘူး။
လူ... ကိုယ့်ကိုယ်ကို လေးစားမှုမရှိရင် အရှက်တရားဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အရှက်တရားမရှိရင် ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာလည်း ရှိမှာမဟုတ်ဘူး။
လူ... စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုပဲဖြစ်ဖြစ် ပြောဆိုပြုလုပ်ပြီဆိုရင် သူတစ်ပါးကို အကျိုးသက်ရောက်စေလား၊ မသက်ရောက်စေဘူးလား၊ ထိခိုက်လား၊ မထိခိုက်လားဆိုတာ အရင်စဉ်းစားပါ။ ဒါဟာ လူတစ်ယောက်ရဲ့အခြေခံ ကြန်အင်လက္ခဏာဖြစ်တယ်။

ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။

"လောကကြီးမှာ မင်းက ပညာအရှိဆုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?"

"၃ပေ" ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။

"၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!"

"ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်" လို့ ဆိုကရေးတီးက ပြောခဲ့တယ်။

သူတို့ပြောတဲ့ "ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်"ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။

ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။ မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာန ဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။

(၉) တချို့အချိန်မှာ မပျော်ရွှင်တာဟာ ပျော်ရွှင်ဖို့ အခြေအနေမပေးသေးလို့ မဟုတ်ဘူး။ ဘဝ မရိုးရှင်းလို့ဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?

ပျော်ရွှင်ခြင်းဆိုတာ အိတ်ထဲမှာ ငွေကြေးတွေပြည့်နေတာကို ဆိုလိုတာမဟုတ်ဘူး။ ရာထူးအာဏာ ကြီးမြင့်တာကို မခေါ်ဘူး။ သာမန်လူတွေမှာလည်း သာမန်တဲ့ပျော်ရွှင်ခြင်းတွေရှိတယ်။ ဘဝမှာ ဘယ်လိုရှင်သန်ရမှာဆိုတာကို နားလည်ထားရင် ဘဝရဲ့လှပတဲ့အရာတွေကို လက်မလွတ်ခဲ့ရင် ပျော်ရွှင်ခြင်းက သင့်အနားမှာအမြဲရှိနေပါလိမ့်မယ်။

ပျော်ရွှင်ခြင်းဆိုတာ ရိုးရှင်းတဲ့အရာဖြစ်တယ်။ ပျော်ရွှင်ခြင်းက လူတိုင်းရဲ့အနားမှာရှိတယ်။ ဒါပေမဲ့ ပျော်ရွှင်ခြင်းကို လူတိုင်းမမြင်ကြဘူး။ ရိုးရိုးရှင်းရှင်းကြည့်မှ ကိုယ့်အနီးနားက ပျော်ရွှင်ခြင်းကို မြင်ရမှာဖြစ်တယ်။ တိုက်တာကြီးထဲနေရမှ၊ စားကောင်းသောက်ကောင်းတွေ စားရမှ၊ ရာထူးအာဏာကြီးမှ ပျော်ရွှင်တာ မဟုတ်ပါဘူး။ အလုပ်အကိုင်ရှိတဲ့ ပျော်ရွှင်ခြင်း၊ အိမ်သူမိသားစုနဲ့ အတူနေရတဲ့ ပျော်ရွှင်ခြင်း၊ ကိုယ်စိတ်လွတ်လပ်တဲ့ ပျော်ရွှင်ခြင်း.... ပျော်ရွှင်ဖို့က အဲဒီလောက် ရိုးရှင်းပါတယ်။

ရိုးရှင်းတဲ့ဘဝဆိုတာ အရာရာကို လက်လွတ်ခိုင်းတာ မဟုတ်ဘူး။ ရိုးရှင်းတဲ့ဘဝဆိုတာ သင့်ရင်ထဲက စစ်မှန်တဲ့အရာဖြစ်တယ်။ ရိုးရှင်းတဲ့ဘဝဆိုတာ ဆင်းရဲခြင်းထဲနစ်ဝင်တာကို ပြောတာမဟုတ်ဘူး။ တန်ဖိုးကြီးတဲ့ကားတစ်စင်း မောင်းနေရင်လည်း ရိုးရှင်းတဲ့ဘဝကို ရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုရိုးသားဖို့နဲ့ ကိုယ့်ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးလည်းဆိုတဲ့ အခြေခံအချက်ကို နားလည်ထားဖို့ပဲ လိုပါတယ်။

(၁ဝ) ကျေးဇူးသိတတ်တာဟာ ပျော်ရွှင်ခြင်းကို ရတာပါပဲ။ ကျေးဇူးသိတတ်တာဟာ ကိုယ့်ပတ်ဝန်းကျင်က အရာတွေအားလုံး လှပနေတာကို တွေ့မြင်တာပဲဖြစ်တယ်။

ရွက်ကြွေလေး လေထဲလွှင့်မြောပြီး ပျော်ရွှင်ခြင်းတေးတစ်ပုဒ်ကို ဆိုညည်းတယ်။ ဒါဟာ ကမ္ဘာမြေကြီးကို သစ်ပင်က ကျေးဇူးတင်တာဖြစ်တယ်။ တိမ်ဖြူလေးတွေ ကောင်းကင်ယံထက်လွှင့်ဝဲပြီး လှပတဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲတယ်။ ဒါဟာ ကောင်းကင်ပြာကို တိမ်ဖြူက ကျေးဇူးတင်တာဖြစ်တယ်။

ဘဝရဲ့ နေရာတိုင်းမှာ ကျေးဇူးတင်သင့်တာတွေရှိတယ်။

လူတစ်ယောက်မှာ ကျေးဇူးသိတတ်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားရင် ဘယ်အရာဟာ ပျော်ရွှင်ခြင်းလည်းဆိုတာကို သူခံစားမိလိမ့်မယ်။ ပျော်ရွှင်ခြင်းရဲ့အရသာကို နေရာတိုင်းမှာ သူခံစားရလိမ့်မယ်။ ဒီလိုဆိုရင် ဘဝရဲ့အရာအားလုံးကို သူတန်ဖိုးထားလိမ့်မယ်။ လူ့ဘဝဟာ လှပတယ်လို့ သူခံစားမိလိမ့်မယ်။

တကယ်လို့ လူလူချင်းကြားမှာ ကျေးဇူးသိတတ်တာတွေရှိခဲ့ရင် ပေါင်းသင်းဆက်ဆံရေးက ပိုသင့်မြတ်ပြီး၊ ပိုချစ်ခင်ရင်းနှီးကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ကျေးဇူးတရားတွေ ကိန်းအောင်းနေရင် ကျွန်တော်တို့ရဲ့ခန္ဓာဟာလည်း ကျန်းမာပျော်ရွှင်လိမ့်မယ်။

လောကမှာ တခြားလူနှိပ်စက်၊ အနိုင်ကျင့်တာထက် ပိုဆိုးတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ တစ်ခါမှ အနိုင်ကျင့်၊ အနှိပ်စက် မခံရဖူးတာပဲဖြစ်တယ်။ အကြောင်းက လူတစ်ယောက်ဟာ အနှိပ်စက်၊ အနိုင်ကျင့်ခံရလေ သူ့ရဲ့တိမ်ငုပ်နေတဲ့ အရည်အချင်းတွေက ပိုပေါ်လေ၊ ပိုသတ္တိရှိလေ၊ ပိုရင်ဆိုင်ရဲလေဖြစ်တယ်။ ဒါကြောင့်......

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

ရယ်မောပျော်ရွှင်နိုင်တဲ့သူဖြစ်ဖို့ လွယ်ကူတဲ့ အချက်(10)ချက်

1-ရယ်မောပါ

သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့ ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။ ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင်
သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့
ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊
အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။



2-အနားယူချိန် သတ်မှတ်ပါ..

တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။ ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို
ဝင်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ်
လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို
တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။



3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ

ပိုကောင်းတဲ့အရာကို ရှာဖို့အတွက် သင့်မှာရှိနေတာတစ်ခုကို လက်လွှတ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေမိတယ်ဆိုရင် ဒါဟာသင့်ကိုယ်သင် စိတ်ပျက်မှု့ တွေဆီကို ခေါ်ဆောင်သွားတာပါပဲ ။ ဒါကြောင့်ဆုံးဖြတ်ချက်ကို
ခိုင်မြဲစွာချပြီး
ကိုယ့်ကိုကိုယ်ပြန်ပြီး မေးခွန်းမထုတ်မိအောင် ကြိုးစားပါ။



4-ရှုပ်ပွမှု့တွေကို ရှင်းလင်းပါ

သင့်ဘ၀ဟာ ရှုပ်ထွေးနေတာပဲလို့ ခံစားနေရပါသလား။ ဒါဟာ သင့်အခန်း ၊ စားပွဲပေါ်နဲ့ မြင်နိုင်သမျှ နေရာအားလုံး မှာ သင့်အတွက် မလိုအပ်တာတွေ ပြည့်နှက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ မနေ့က အမှိုက်သရိုက်ကို
ဒီနေ့မှာရှင်းပစ်နိုင်ဖို့ နည်းနည်းဒုက္ခခံကြိုးစားကြည့်ပါလား။ ဒါပြင်
အခန်းသန့်ရှင်းရေးလုပ် ခြင်းကြောင့် ဒီအခန်းထဲမှာ ဘာတွေကတော့
သင့်အတွက်လိုအပ်နေတယ် ။ ဘာတွေကတော့ မလိုအပ်တော့ဘူးဆိုတဲ့ စာရင်းကိုပါ
ပြုစုပြီးသားဖြစ်နေ ပါလိမ့်မယ်။



5-၀ါသနာကို ဖော်ထုတ်ပါ

အတွေ့အကြုံသစ်တွေဟာ သင့်ကိုအသိအမြင် တိုးစေတဲ့အပြင် လိုက်လျှောညီထွေသူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဟင်းချက်တာနဲ့ အက လေ့ကျင့်ခန်း လုပ်တာမျိုးတွေဟာ ရိုးရှင်းပေမယ့် ၀ါသနာပါသူတစ်ယောက်ကို
စိတ်ကျေနပ် နှစ်သိမ့်မှု့ ပေးစွမ်းနိုင်ပါတယ်။ ဒါပြင်
အသစ်အသစ်သောဝါသနာတွေကိုပါ အပြောင်းအလဲ လုပ်ကြည့်နိုင်ပါတယ်။



6-အရေးကြီးတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ

ကျွန်မတို့ဟာ ရိုးသားမှု့ ၊ သစ္စာရှိမှု့ စတဲ့ မိမိတန်ဖိုးထားတဲ့အရာတွေကို ဆုပ်ကိုင်ထားပြီး ရှင်သန်နေကြတာပါ။ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ၄င်းအရာ တွေကို ပျိုးထောင်ပါ။ ကိုယ့်ကို
ပြုမူဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း အခြားသူ တွေကို ဆက်ဆံပြုမူပါ။
သင်ပေးအပ်တာနဲ့ ညီမျှတဲ့ တန်ပြန်သက်ရောက် မှု့မျိုး ရရှိလာပါလိမ့်မယ်။



7-ငြင်းဆန်ဖို့ ကြိုးစားပါ

သင်မုန်းတီးနေတဲ့အရာတွေကို မလုပ်နိုင်တဲ့အပေါ် ကိုယ့်ကိုယ်ကို အပြစ်မြင်ဖို့ မလိုပါဘူး။ တကယ်လို့ သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတွေက သင့်ကို အပြစ်တင်မယ်ဆိုရင် သူတို့ကို ဘာလို့ငြင်းဆန်ရတယ်ဆိုတာ ပြောပြပါ။
ဒါဆိုရင် သင့်ရဲ့ဆုံးဖြတ်ချက်ကို သူတို့လဲ နားလည်နိုင်ပါလိမ့်မယ်။

8-အကောင်းမြင်ပါ

ကျွန်မတို့ အမြဲလိုလို မျက်စိလျှမ်းနေတက်တာက ကျွန်မတို့ရဲ့ ကံကြမ္မာကိုကျေးဇူးတင်ဖို့ပါ။ လေ့လာချက်များအရ ကိုယ်တန်ဖိုးထားတဲ့အရာ( ဥပမာ - မိသားစုနဲ့ အတူနေရခြင်း ) ကိုရရှိတဲ့သူတွေဟာ တစ်ခုခုကို
တန်ဖိုးမထားတက် တဲ့လူတွေ ( ဥပမာ - ငွေကိုသာရှာဖွေနေခြင်း) ထက်
ပိုပြီးပျော်ရွှင် ကြပါတယ်တဲ့ ။ ငွေကြေးနဲ့ အောင်မြင်မှု့တွေဟာ
ပျော်ရွှင်မှု့ကို မ၀ယ်ယူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့အရာတွေကို
မြတ်နိုးတန်ဖိုးထားတက်တဲ့ သူတစ်ယောက် ဖြစ်အောင်
ကြိုးစားနေထိုင်မယ်ဆိုရင် ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါပြီ။



9-သင့်ရဲ့ စွမ်းဆောင်နိုင်မှု့ကို အသုံးပြုပါ

စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်များအရ သင့်စွမ်းရည်ကို ယုံကြည်စိတ်ချပြီး ပုံမှန်အသုံးပြုပေးမယ်ဆိုရင် သင့်ကိုပိုမို ပျော်ရွှင်စေနိုင်တယ်လို့
ဆိုပါတယ်။တကယ်လို့ သင်ကပုံဆွဲတော်သူ တစ်ယောက်ဆိုရင် သင့်သူငယ်ချင်းရဲ့
မင်္ဂလာ ဖိတ်စာအတွက် ဒီဇိုင်းလေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါဟာလည်း
သင့်စွမ်းအားတွေကို အသုံးချခြင်းတစ်မျိုးပါပဲ။ ဒါမှမဟုတ်
ဝက်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးရတာ ၀ါသနာထုံတယ်ဆိုရင်လဲ အသစ်အသစ်တွေကို
ဖန်တီးနိုင်ပါတယ် ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့လုပ်ဆောင်မှု့ စွမ်းရည်နဲ့
ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းကို မြင့်တင်စေနိုင်ပါတယ်။



10-စိတ်စေတနာကောင်းထားပါ။

ဒီအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် သင်ဟာဒီထက်ပိုမို ကျေနပ်ပျော်ရွှင်ပြီး နှိုင်းယှဉ်မရတဲ့ ပီတိကို ခံစားရပါလိမ့် မယ်။
အများအကျိုးအတွက် မိမိရဲ့ကိုယ်ပိုင်ငွေကို လှူဒါန်းနိုင်သူတွေဟာ
ကိုယ်ကျိုးအတွက် သုံးစွဲသူတွေထက် ပိုမို
ပျော်ရွှင်မှု့ရတက်ကြပါတယ်။အလှူဒါနပြုသူတွေဟာ ၀င်ငွေကောင်း သည်ဖြစ်စေ ၊
မကောင်းသည်ဖြစ်စေ စေတနာ ဖြူစင်တဲ့အတွက် စိတ်ချမ်းသာမှု့ ရကြပါတယ်။
ဒါကြောင့် သူတစ်ပါးအပေါ် စိတ်စေတနာကောင်းထားပြီးကူညီပေး ကြရအောင်ပါ။

လူ့ဘဝနဲ့ ပတ်သက်ရင်

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။
အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက
စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊
ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ
ပျောက်သွားနိုင်တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က
အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ်
ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို
အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို
ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ
ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ
ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း
ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ
အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။
သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို
အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်"